မနက်ခင်း နေအလင်းရောင်တို့က ကြည်လင်စူးရှလျက် ပြတင်းပေါက်မှ ကာဆီးထားသော
အဖြူရောင် လိုက်ကာတို့ကို လေနှင့်တိုးဝှေ့တွန်းဖယ်ပြီး ကုတင်ပေါ်ရှိ ပန်းနုရောင်မျက်နှာပြင်ကို တို့ထိလိုက်တာမို့
Mew ဆက်အိပ်မရပဲ မျက်လုံးတွေကို ဖွင့်လိုက်ရတော့တယ်။
ကုတင်ပေါ်ထထိုင်လိုက်ပြီး ဘေးကိုလှည့်ကြည့်လိုက်တော့
နို့နှစ်ရောင်သန်းနေတဲ့ ကျောပြင်တစ်ခု
သူကတော့ခုထိ မထသေး။Mew ညက အကြောင်းပြန်တွေးရင်း ကြည်နူးမိသလို။
ခုသူက ကိုယ့်အပိုင်ပဲ။Mew သူ့ကိုနိုးချင်ပေမယ့် သူက နိုးရင်စိတ်ဆိုးတတ်တဲ့ အိပ်ပုတ်။
ညက အရှိန်ကြောင့်လည်း သူနာနေလောက်အုံးမှာဆိုတော့ အိပ်နေတာက နာမှန်းမသိလောက်ဘူး။ သူ့ကို အနားယူစေချင်တာမို့
Mew ကိုယ့်ဘာသာ တစ်ယောက်တည်းပဲ
အိပ်ရာထခဲ့လိုက်တယ်။Gulf နိုးတော့ နေ့လည်ဘက်ရောက်နေပြီ။တော်သေးတာက Mew မရှိတော့ဘူး။
Mewသာ ခုရှိနေမယ်ဆို ဘယ်မျက်နှာနဲ့ သူ့ကို ကြည့်ရမလဲ။ရှက်လို့သေမှာ။
Mewကတော့ ဆေးထည့်ပေးသွားတယ်ထင်ပါရဲ့။အိပ်ရာထရင် နာမယ်ထင်ထားတာ
ခုသက်သာပါတယ်လေ။ဒီနေ့ လေ့ကျင့်ရေးမဆင်းရတာမို့ gulf အိမ်မှာ တစ်ယောက်တည်း။
ပျင်းခြောက်ခြောက်နိုင်တာမို့ No ဆီ ဖုန်းဆက်ပြီး အပြင်သွားဖို့ ချိန်းလိုက်တယ်။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
No....မင်းကလည်း ကြာလိုက်တာ။ငါစောင့်နေရတာကွာ။
"ဖြန်းးး"
ဆိုင်ထဲ ဝင်လာတာနဲ့ တန်းပြီး ပေါက်ပေါက်ဖောက်နေတဲ့ ကောင်ကို gulf နာရင်းပိတ် တီးလိုက်တယ်။
No...နာတယ်ကွ ခွေးကောင်ရ။
Gulf....အေး။ဒီမှာလေ ဒီကောင်လည်း လိုက်မယ်ဆိုလို့ သူ့ကို စောင့်နေတာ။
Gulf ဘေးမှာ အတူပါလာတဲ့ Fiat ကို မေးငေါ့ပြလိုက်တယ်။
Fiat....ဆာဝါဒီခ။Fiat ပါ။gulf ရဲ့ ဘော်ဒါ။
YOU ARE READING
More than a friend(သူငယ်ချင်းထက်ပို){Completed}
Fanfictionအေးဆေးနေတတ်တဲ့ Mew နဲ့ ဒေါသကြီးလွန်းတဲ့ Gulf ဆိုတဲ့ သူငယ်ချင်းညီကို နှစ်ယောက် နီးစပ်ဖို့ရှိပါ့မလား....💙💙💙(Uni+Zawgyi)