Ep-10💙(Uni+Zawgyi)

542 38 3
                                    

ခုဆို gulf စိတ်ဆိုးပြီး အိမ်ပြန်မလာတာ
တစ်ပတ်ကျော်ပြီ။

မယ့်ကလည်း အိမ်ပြန်ရောက်တည်းက
သားငယ်ရောဆိုပြီး အမြဲမေးနေတာ....

Gulf နဲ့ဘယ်လိုမှဆက်သွယ်လို့ကလည်းမရ

ခါတိုင်းလိုပဲ ပွဲရှိလို့ အားလုံးနဲ့အဆက်ဖြတ်ထားပြန်ပြီထင်ပါရဲ့

ဘယ်လိုပဲ အာရုံစိုက်နေပါစေအုံးတော့
မယ့်ဖုန်းကိုတော့ ကိုင်သင့်တယ်လေ

Mew......Gulf ပြန်လာမယ့်ချိန်ထိ မယ့်အားတင်းထားရမယ်နော်။ဆရာဝန်ကြီးကလည်း မယ့်တောင့်ခံနိုင်မှာပါလို့ပြောတယ်

တကယ်ဆို Mew လိမ်ပြောလိုက်ရခြင်းသာ
မယ့် ဒီတောင်ကိုတော့ ကျော်ဖို့သေချာတော့မယ်မထင်။

မယ့်သားအိမ်ကင်ဆာဖြစ်နေခဲ့တာ 4နှစ်ကျော်နေခဲ့ပြီ....Gulf ကိုတော့ မယ့်က တမင်တကာဖုံးထားရတာ။

ကိုယ်တောင် မယ့်ဆေးစာအုပ်တွေ့တော့ မှ သိလိုက်ရတာ။

အာ့ကြောင့်လည်း ဒီနှစ်တွေ အတွင်းမှာမယ့်ဖြစ်ချင်တာ မှန်သမျှ လုပ်နိုင်အောင် ပံပိုးပေးခဲ့တယ်။

မယ့်အစက Gulf ကိုဝန်မပိစေချင်လို့ ဖုံးထားပေမယ့် ခုချိန်မှာ မယ့်ဆန္ဒတွေအကုန်ပြဘ့်သွားပြီ ထင်ပါရဲ့။

ခရီးက ပြန်လာပြီးတည်းက စိတ်လျှော့လိုက်တဲ့ပုံမျိုးဖြစ်နေကာ gulf ကိုသာရှာနေတော့တယ်။

Gulf အိမ်မပြန်လာတာ ကိုယ့်ပယောဂလည်း မကင်းတော့ Mew မယ့်အပေါ် အားနာရတယ်။

Mom......သားMew !မယ့်ကို ကတိတသ်ခုလောက်ပေးပါသားရယ်..

ကုတင်ပေါ် ဖြူဖျော့ နွမ်းလျစွာ လှဲနေသူက တုန်ယင် ကွယ်ပျောက်လုနီး ဖြစ်နေတဲ့ အသံကို အားယူကာဆိုလာတယ်။

Mew......ပြောပါမယ့်။သားဘာဖြစ်ဖြစ်ကတိပေးတယ်။....

Mom.....ဘာတွေ...ဘယ်.လောက်ပဲ...ဖြစ်လာပါစေ...Gulfရဲ့ လက်ကို မလွှတ်လိုက်နဲ့...Gulfနဲ့အတူ...ဘေးမှာထာဝရ ရှိနေပေးပါ...မယ့်တောင်းဆိုတာပါ..

Mew.....သားကတိပေးတယ်မယ့်...လောလောဆယ် မယ့်အနားယူလိုက်အုံးနော်....မယ့်အနားယူဖို့လိုအပ်တယ်။

More than a friend(သူငယ်ချင်းထက်ပို){Completed}Where stories live. Discover now