Ep-12💙(Uni)

565 37 3
                                    

Mew ဆေးကောင်တာလာရင်းနဲ့ gulf ကိုတွေ့တာမို့ gulf နဲ့စကားပြောပြီး

ဆေးကောင်တာမှာ ကျန်နေခဲ့လိုက်တာ။ လိုအပ်တဲ့ ဆေးတွေကို Mew သေချာ လိုက်ကြည့်ရင်း

အသစ်ထွက်တဲ့ ဆေးအသစ်တွေ အကြောင်းကို ဆေးကောင်တာမှာမေးကြည့်ပြီး

Gulf တို့ရှိရာ အရေးပေါ်ဋ္ဌာနဘက်သွားကြည့်ပေမယ့်

အထွေထွေ ဘက်ပြန်လွှဲပေးလိုက်တယ်ဆိုလို့

ကိုယ့်ဋ္ဌာနရှိ ပြန်အလာမှာ

Leo ရဲ့ ဂျူတီကုတ်ကော်လံဆွဲထားတဲ့ gulf ကို မြင်လိုက်ရတော့ အမြန်လှမ်းတားလိုက်တယ်။

Mew....Gulf မင်းရပ်လိုက်။

Mew အမြန် Gulf ဘေးနားသွားလိုက်ပြီး
Gulf လက်ကို Leo ကော်လံပေါ်က ဖယ်ချပေမယ့်

Gulfက လုံးဝမလွှတ်။တင်းတင်းစုပ်ကိုင်ထားသည်။

Mew....Gulf ငါတောင်းပန်တယ်။လွှတ်လိုက်ပါကွာ။

Gulf....မင်းက သူ့ကို ထိလို့နာနေတာလား?ဟမ် နာနေတာလား။

Gulf တကယ် နားလည်မှုလွဲနေပြီ။ဘာပြဿနာလဲ Mew မသိပေမယ့် သူ့ကိုရပ်ခိုင်းနေရတာက

ဒီနေရာက ဆေးရုံ။ ပြီးတော့ သူကလည်း သာမန် လူမဟုတ်။ နာမည်ကြီးဘောလုံးသမား။ အလုပ်သင်တစ်ယောက်နဲ့ ရန်ဖြစ်တာက မသင့်တော်လို့ရယ်။

Mew.....Gulf ငါတောင်းဆိုတယ်။လွှတ်လိုက်ပါကွာ နော်။

Fiat......Gulf မင်းလွှတ်သင့်တယ် လို့ ငါအကြံပေးချင်တယ်။

Fiat ကပါ ကြားဝင်ပြောလာတာမို့ Gulf လွှတ်ပေးလိုက်တယ်။

ပြီးတာနဲ့ Gulf နောက်လှည့်မကြည့်ပဲ
ထွက်လာခဲ့တော့တယ်။

တောက်စ်!မင်းလို ခွေးကောင်အတွက်နဲ့ ရန်ဖြစ်နေရတဲ့ ငါ့ကိုယ်ငါလည်း စိတ်ပျက်နေပြီ ဆိုတာ မင်းသိရဲ့လား! ခွေးကောင်!

Gulf...Hello Mr.Jack! အန်ကယ်အားလား?

.........

Mew....Gulf ထွက်သွားမို့ အိမ်ပြန်သွားတယ်ထင်နေတာ။ ခုပဲ ည12 နာရီရှိပြီ။ ပြန်မလာသေးတာမို့ ဧည့်ခန်းမှာ ထိုင်စောင့်နေလိုက်တယ်။

More than a friend(သူငယ်ချင်းထက်ပို){Completed}Where stories live. Discover now