Mew Gulfကိုထမင်းစားဖို့စောင့်ရင်း ကားသံကြားတာမို့ အိမ်ပြင်ထွက်လိုက်တော့
ဒါgulfရဲ့ကားမဟုတ်။
အန်ကယ်ကြီးတစ်ယောက်ရဲ့ကား။ကြည့်ရတာလဲ gulf နဲ့ရင်းနှီးမယ့်ပုံ။ Mew အဲ့လူကိုသိပ်သဘောမတွေ့လှ Gulfကို ဟိုကိုင်ဒီပိုင်လုပ်နေတာ။
Gulf....Bye!Mr.Jack!!!
Mew....အဲ့လူဘယ်သူလဲ gulf?
အိမ်ထဲဝင်ဖို့ ခြေလှမ်းပြင်နေတဲ့ gulf ကိုMew မေးလိုက်တယ်။
Gulf.....မင်းသိစရာမလိုဘူး!အဟက်!!
Gulf Mewကို ရိသဲ့သဲ့ တစ်ချက်ပြုံးပြီး အပေါ်ထပ်တက်သွားတာမို့
Mew သက်ပြင်းတစ်ချက်ချမိတယ်။
မင်းဘာတွေ လျှောက် လုပ်နေပြန်တာလဲgulfရာ....
ဒီနေ့ sunday ဆိုပေမာ့် နည်းပြက ဗျူဟာသစ်တွေ အတွက်လေ့ကျင့်ရမယ်ဆိုပြီးခေါ်တာမို့ gulf ခါတိုင်းလို နေမြင့်တဲ့ထိ
အိပ်လို့မရ။ စောစောထရေမိုးချိုးပြီး club အသင်းဆီ ထွက်လာခဲ့တော့တယ်။
တောက်စ်!
club အသင်းရှိလာရင်း လမ်းမှာ မီးပွိုင့်မိတာမို့ တစ်ယောက်တည်း ကားမောင်းရင်း gulf စိတ်အလိုမကျစွာ တောက်ခေါက်မိတော့တယ်။
ဒီနေ့ကျမှ gulf အလိုလိုနေရင်းဒေါသထွက်နေရတယ်။
အမှန်ဆို အလိုလိုနေရင်းတော့မဟုတ်။
Gulf အိမ်ကမထွက်ခင် ထမင်းစားပွဲမှာမနက်တိုင်းရှိနေကျ မနက်စာက ခါတိုင်းလိုရှိမနေတာကြောင့် ဖြစ်သည်။
ခါတိုင်းလည်း ရှိနေပေမယ့် gulf လုံးဝစားခဲ့တာမျိုး မဟုတ်ပေမယ့် ရှိမနေပြန်တော့လည်း ဒေါသထွက်ရပြန်တယ်။
ဒါ ဒီကောင် ညက သူမေးတာမဖြေလို့ သက်သက်ပညာပြတာ!
မနက်စာဆိုတာ သူကျွေးမှစားရတာ မဟုတ်ဘူး။အပိုတွေလုပ်ပြနေတယ်။
တကယ်ဆို gulf က ကိုယ်ဂရုမစိုက်ပေမယ့် ကိုယ့်ကိုတော့ ဂရုစိုက်ပြမှ ကျေနပ်တတ်တဲ့ လူစားမျိုး ။
Mew ညက အိပ်ခါနီး ဆေးရုံက ဆရာဝန်လိုတာမို့ ဖုန်းဆက်လာတာနဲ့ ညတည်းက ဆေးရုံရောက်နေရတယ်။
YOU ARE READING
More than a friend(သူငယ်ချင်းထက်ပို){Completed}
Fanfictionအေးဆေးနေတတ်တဲ့ Mew နဲ့ ဒေါသကြီးလွန်းတဲ့ Gulf ဆိုတဲ့ သူငယ်ချင်းညီကို နှစ်ယောက် နီးစပ်ဖို့ရှိပါ့မလား....💙💙💙(Uni+Zawgyi)