Extra💙(Uni)

821 46 11
                                    

Gulf...... ငြိမ်ငြိမ်နေလေ ။ ဘာလို့ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်လုပ်နေတာလဲ!!!

Gulf ကိုယ့်မျက်စိရှေ့မှာ ဂနာမငြိမ်ဖြစ်နေတဲ့ သူကို မျက်စိနောက်လို့ ထအော်မိတော့တယ်။

ပွဲ အခမ်းအနား တစ်ခုလုံး အစကနေ အဆုံးထိ သူ့ကိုယ်တိုင် စီစဥ်နေခဲ့တာ

ခုပွဲ ထဲရောက်တော့မှ စီစဥ်တဲ့သူ မဟုတ်ခဲ့သလိုမျိုး စိတ်ကယောက်ယက်ခတ်နေတာ

အမြင်ကို ကတ်တယ်....

Mew..... မင်းရော စိတ်မလှုပ်ရှားဘူးလား gulf ဟင်။ ငါတော့ ပြောမပြတတ်တဲ့
ခံစားချက်ကြီး ဖြစ်နေတာ....

Gulf.....ဒီမှာ မင်းစိတ်ကိုငြိမ်ငြိမ်ထား ။
အားလုံးက ငါတို့နဲ့ ရင်းနှီးတဲ့ လူနည်းစုလေးပဲ ဟုတ်ပြီလား။ ပွဲကလဲ ခနပဲ ကြာမှာ။

ပြီးရင် အရာအားလုံးက မပြောင်းလဲပဲ အရင်တိုင်းပဲ ဖြစ်နေလိမ့်မယ်။ အဲ့တော့ စိတ်ကို ငြိမ်"လေးထား...

Gulf စိတ်ဂနာ မငြိမ်တဲ့ သူကို စိတ်ငြိမ်အောင် ပြောလိုက်ပေမယ့်

တကယ်တော့ gulf လဲ စိတ်လှုပ်ရှားနေရတယ်။ ထုတ်မပြရုံပဲ။

Mew...... ဒီအချိန်လေး ပြီးရင် မင်းက တစ်ဘဝလုံး ငါ့အပိုင်ဖြစ်လာတော့မှာနော်။

ကိုယ့်လက်ကို ဆုပ်ကိုင်ပြီး ပြောလာတဲ့ Mew ကို " ငါကမင်းအပိုင်ပဲ " ဆိုတဲ့ သဘောမျိုးနဲ့

ပြုံးပြီး ခေါင်းငြိတ်ပြလိုက်တယ်။

Gulf..... မင်းတစ်သက်လုံး ငါ့ကို ရှာကျွေးရတော့မယ်ဆိုတာ လဲ သိထား!!

gulf ပြောလိုက်တဲ့ စကားကြောင့် Mew စိတ်လှုပ်ရှားတာ ခနမေ့သွားပြီး ရယ်မိတော့တယ်။

...................

Mild......Hello?

ပွဲတစ်ခုလုံး gulf တို့ဘောလုံး club ကလူတွေ

Mew တို့ဆေးရုံက လူတွေပဲ ရှိတာမို့ Mild လာသာလာရတယ်။ တစ်ယောက်တည်းအသိမရှိပဲ ဖြစ်နေတာမို့

မလှမ်းမကမ်းမှာ တွေ့လိုက်ရတဲ့ Leoနဲ့ Fiat တို့အတွဲ ဆီ စကားသွားပြောလိုက်တယ်။

Fiat..... ခုမှရောက်တာလား ။ လာတာနောက်ကျတယ်နော်။

Mild..... ကြာပြီရောက်တာ ။ အအေး အရင်သွားသောက်တာ။

More than a friend(သူငယ်ချင်းထက်ပို){Completed}Where stories live. Discover now