Unicode
ရွှယ်ယို့ရှန်းကတော့ ပုံစံမပျက် မတ်တပ်ရပ်နေတုန်းပဲ။ သူ့ရဲ့စိတ်ထဲမှာတော့ ရင်းဆုယဲ့က ဒီကျောက်စိမ်းကြာပန်းကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ခူးယူနိုင်ခဲ့သလဲဆိုတာကိုပဲ တွေးတောနေခဲ့တယ်။
ရင်းဆုယဲ့ရဲ့ လက်မောင်းကြားထဲ ပွေ့ဖက်ခံလိုက်ရတဲ့ အချိန်အထိ တဖြည်းဖြည်း နီးကပ်လာတဲ့ အန္တရာယ်ကို သတိမပြုမိသေးဘူး။ မတ်တပ်ရပ်နေရာကနေ နေရာရွေ့သွားတော့မှ ရွှယ်ယို့ရှန်းလည်း ဘာတွေဖြစ်ပျက်နေမှန်း သတိပြုမိသွားတော့တယ်။
အခုလေးတင် ဘာမှန်းမသိတဲ့အရာက သူ့ကို တိုက်ခိုက်လိုက်တာလား..? သူ့ကို ခိုးကြောင်ခိုးဝှက် အလစ်ဝင်တိုက်ခိုက်တဲ့ အဖြူရောင်အကောင်ကို အရိပ်လေးပဲ မြင်လိုက်ရတယ်..!
တိုက်ခိုက်တာ မအောင်မြင်တော့ ထိုအရိပ်လည်း ဦးတည်ချက်အမြန်ပြောင်းပြီး ထွက်ပြေးသွားတော့တယ်။ တစ်ဖက်လူရဲ့ အရှိန်က အရမ်းအရမ်းကို လျင်မြန်လွန်းလို့ ရွှယ်ယို့ရှန်းခမျာ ဘာမှန်းတောင် သေချာမသိလိုက်ဘူး။ သဲလွန်စမကျန်အောင် ပျောက်ကွယ်သွားတော့တယ်။
ရွှယ်ယို့ရှန်းလည်း လန့်ဖြန့်သွားပြီး သူ့ရဲ့ ရင်ဘတ်လေးကို အသာပုတ်လိုက်တယ်။ ရင်းဆုယဲ့သာ လှုပ်ရှားမှုမမြန်ခဲ့ရင် သူတော့ ဘာမှန်းတောင်မသိလိုက်ဘဲ ကျိန်းသေပေါက် တိုက်ခိုက်ခံရမှာပဲ..! အသက်မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမယ် ထင်တယ်။
ဒီကမ္ဘာကြီးက အရမ်းအန္တရာယ်များလိုက်တာ..!
ရင်းဆုယဲ့ အလွယ်တကူ ကြာပန်းခူးနိုင်ခဲ့တာကို အထွန့်မတက်ခဲ့သင့်ဘူး။ အခုတော့ လျှောက်တွေးနေတာတောင် မဆုံးလိုက်ဘူး၊ အန္တရာယ်က တန်းရောက်လာတော့တာပဲ။ သူ့ကိုယ်သူ ဂြိုလ်ဆိုးဝင်နေမှန်း တကယ်ကို မသိခဲ့တာပါဗျာ..!
“ဘာမှမဖြစ်တော့ဘူး..” အတော်ကြာအောင် ကြက်သေ,သေနေတဲ့ ရွှယ်ယို့ရှန်းကို ကြည့်ပြီး ရင်းဆုယဲ့က စိုးရိမ်တကြီး ချော့မော့လာခဲ့တယ်။
“ကျွန်တော် အဆင်ပြေပါတယ်.. ခင်ဗျားရော အဆင်ပြေရဲ့လား.. အာ…..”
YOU ARE READING
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!
Fantasyဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတဲ့ဝတ္ထုကို ရေးခဲ့မိတာပဲ... သူ့ဆီမှာ ဖြစ်ပျက်သမျှတွေထဲက ကံအဆိုးဆိုးတစ်ခုကို ပြောပါဆိုရင်တော့ -သူရေးခဲ...