Unicode
“ရင်းဆုယဲ့.. မင်းအမှားကို သိပြီလား..?”
နောက်လိုက်နောက်ပါတွေနဲ့ ရောက်ချလာတဲ့ ဟော်လင်းယွင်က အခြေအနေကို အကဲမခတ်ဘဲ ရင်းဆုယဲ့ကို အရင်ဆုံး အပြစ်တင်လိုက်တယ်။
“ဦးလေး.. ခင်ဗျားစကားတစ်ခွန်းကြားဖူးလား..? အစားကိုကုန်အောင်စားလို့ရတယ်.. စကားကိုကုန်အောင်မပြောရဘူးတဲ့..!”
ရင်းဆုယဲ့ ဘာမှမပြောခင် ရွှယ်ယို့ရှန်းက မကျေမနပ် ဝင်ပြောလိုက်တယ်။ ဒီလောက်လူအုပ်လေး ခေါ်လာရုံနဲ့ သူ့ကိုကြောက်သွားလိမ့်မယ်လို့ ဟော်လင်းယွင်က ထင်နေတာလား..? တုံးအလိုက်တာ..!
တစ်ချိန်တည်းမှာပဲ မြို့တော်မှာ ပြန်လည်အခြေချဖို့ ရင်းဆုယဲ့အတွက် ဘယ်လောက်ခက်ခဲလိမ့်မလဲဆိုတာကို ရွှယ်ယို့ရှန်းတစ်ယောက် နားလည်သဘောပေါက်သွားတော့တယ်။
မြို့တော်ကိုပြန်ရောက်တာ ဘယ်လောက်ကြာသေးလို့လဲ.. ဟမ်? ပြဿနာတွေက တစ်ခုပြီးတစ်ခု ရောက်ချလာတော့တာပဲ၊ အသက်ရှူဖို့တောင် အချိန်မရှိတော့ဘူး.. ပြဿနာတွေ ကုန်ပါဦးမလားလို့..!
ရင်းဆုယဲ့ကို မော့ကြည့်လိုက်တော့ သူ့ရဲ့မျက်နှာက အမူအယာကင်းမဲ့နေဆဲပဲ။ ဒီလိုမျိုးရန်လိုတဲ့လူတွေ၊ သူ့အပေါ် မကောင်းတဲ့လူတွေနဲ့ ကြုံပါများလာတော့ ရင်းဆုယဲ့မှာ ဘာခံစားချက်မှမရှိတော့ဘူး။ မျှော်လင့်ချက်မထားရင် စိတ်ပျက်စရာမလိုတော့ဘူး။
ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ကို အိမ်ထဲပေးမဝင်ပဲ တံခါးဝမှာကတည်းက ပြဿနာရှာနေတဲ့ လူတွေကိုကြည့်ပြီး စိတ်ရှုပ်ထွေးသွားရတယ်။
“ရင်းဆုယဲ့က ကျုပ်ရဲ့သမီးကို သတ်ခဲ့တယ်.. ကျုပ်က သူ့ကိုစစ်ဆေးတယ်.. ဘာမှားလို့လဲ..?”
ဟော်လင်းယွင်ရဲ့အဖြေက ရွှယ်ယို့ရှန်းအတွက် ထင်ရပေမယ့် သူ့ရဲ့အကြည့်တွေကတော့ ရင်းဆုယဲ့ကိုသာ ဦးတည်နေခဲ့တယ်။ တကယ်တော့ ရွှယ်ယို့ရှန်းကို ပြန်ဖြေနေသလိုနဲ့ ရင်းမင်ကြားအောင် ပြောလိုက်တာပါပဲ။ သို့မှသာ ရင်းမင်က ရင်းဆုယဲ့လို လူသတ်သမားကို အကာအကွယ်မပေးတော့မှာပေါ့။
YOU ARE READING
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!
Fantasyဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတဲ့ဝတ္ထုကို ရေးခဲ့မိတာပဲ... သူ့ဆီမှာ ဖြစ်ပျက်သမျှတွေထဲက ကံအဆိုးဆိုးတစ်ခုကို ပြောပါဆိုရင်တော့ -သူရေးခဲ...