Unicode
ရွှယ်ယို့ရှန်း မျက်လုံးဖွင့်လိုက်ချိန်..
ကွန်ပြူတာစားပွဲပေါ်မှာ အိပ်ပျော်နေခဲ့တာလား..?!
ကြည့်ရတာ ထူးထူးဆန်းဆန်းတွေ အိပ်မက်မက်နေခဲ့ပုံပဲ..!
အိပ်မက်ထဲမှ အဖြစ်အပျက်တွေကို ပြန်တွေးမိလိုက်တော့ ရွှယ်ယို့ရှန်းမှာ လိုက်မမီနိုင်တော့သလို ဖြစ်သွားတယ်။ အိပ်ချင်မူးတူး ဖြစ်နေတာကြောင့် သဲသဲကွဲကွဲ မတွေးတောနိုင်သေးတာ ဖြစ်နိုင်တယ်။
ရွှယ်ယို့ရှန်းက ခေါင်းမော့ကာ နာကျင်နေတဲ့ လည်ပင်းကို ပွတ်သပ်ရင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်တယ်။ ဘာကြောင့်ရယ်မသိ အကျွမ်းတဝင်ရှိနေတဲ့ အခန်းငယ်၊ စားပွဲနဲ့ထိုင်ခုံ၊ အခန်းထဲက အပြင်အဆင်တွေကို မြင်လိုက်ရတာကြောင့် သူ့ရဲ့စိတ်ထဲ ရှင်းမပြတတ်အောင် ရှုပ်ထွေးသွားတယ်။
Computer မပိတ်သေးတာကြောင့် ရွှယ်ယို့ရှန်းက Mouse ကို အသာထိလိုက်တယ်။ Screen လင်းလာပြီး စာမျက်နှာအပြည့် ရေးသားထားတဲ့ Word Document တစ်ခု ပေါ်ထွက်လာခဲ့တယ်။
စာရိုက်ရင်း အိပ်ပျော်သွားတာထင်တယ်၊ အဲ့တာကြောင့် Publish မလုပ်လိုက်မိတာများလား..? မြန်မြန် publish ပြီး Update တင်လိုက်သင့်လား..?
မဟုတ်သေးဘူး..! အဲ့လိုလုပ်လို့မဖြစ်ဘူး..!
Document ပေါ်က စာသားတွေကိုကြည့်ရင်း ရွှယ်ယို့ရှန်းလည်း မရည်ရွယ်ပါဘဲ ဗီလိန်ကြီးရင်းဆုယဲ့အကြောင်း ထိုင်ဖတ်နေခဲ့မိတယ်။
*အရိပ်ရှည်ရှည် ပုံရိပ်တစ်ခုသည် ဓားတစ်လက်ကို ဆွဲကိုင်လျက် မရေမတွက်နိုင်သော အလောင်းများအပေါ်တွင် ရပ်တန့်နေလေ၏။ မာန်မာနကြီးကာ တည်ကြည်ပြတ်သားသော ဟန်ပန်အမူအရာက သွေးလွှမ်းနေသော မကောင်းဆိုးဝါးတစ်ကောင်နှယ်။ သူ၏ခန္ဓာကိုယ်ပေါ်မှ သွေးစက်များသည် မြေပြင်ပေါ်မှ သွေးအိုင်များနှင့် တစ်သားတည်း၊ ကမ္ဘာလောကကြီးအား သွေးရောင်လွှမ်းစေသည်။ ရွှေရောင်ဆံနွယ်များကို ခပ်မြင့်မြင့် စည်းနှောင်ထားကာ မျက်ခုံးတန်းများက ထက်ရှတည်ကြည်သော အသွင်အပြင်ကို ဖော်ကျူးနေသည်။ သွေးဆာနေသလို လူသတ်ငွေ့များ လျှံကျနေပါသော်လည်း တစ်ချိန်တည်းမှာပင် သေခြင်းရှင်ခြင်းကို အစိုးရသော နတ်ဘုရားသဖွယ် မြင့်မြတ်ကြော့ရှင်းသော အငွေ့အသက်မျိုး ခံစားရစေပြန်၏။ နတ်ဘုရားတို့ ဖန်ဆင်းထားသည့်နှယ် အပြစ်ဆိုဖွယ်ရာမရှိသော မျက်နှာသွင်ပြင်က ရေခဲစိုင်ကြီးကဲ့သို့ အေးစိမ့်နေပြီး ရေခဲဓားသွားနှယ် မြင်သမျှလူတိုင်းအား အေးခဲသွားစေသည်။ သွေးလွှမ်းနေသော နောက်ခံမြင်ကွင်းကြောင့် ထိုအမျိုးသားသည် မိစ္ဆာတစ်ကောင် သို့တည်းမဟုတ် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရပေသည်။*
YOU ARE READING
ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!
Fantasyဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေ ဖြစ်ကုန်ပြီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတဲ့ဝတ္ထုကို ရေးခဲ့မိတာပဲ... သူ့ဆီမှာ ဖြစ်ပျက်သမျှတွေထဲက ကံအဆိုးဆိုးတစ်ခုကို ပြောပါဆိုရင်တော့ -သူရေးခဲ...