141

6.3K 1.1K 23
                                    

Unicode

“ရင်းဆုယဲ့.. အတိတ်က ဖြစ်ပျက်ခဲ့တာတွေအတွက် ငါတောင်းပန်ပါတယ်..! ငါလုပ်ခဲ့တဲ့ အမှားတွေကို ခွင့်လွှတ်ပေးနိုင်မလား..?!”

ဖြစ်ပျက်ခဲ့သမျှကို နားလည်သွားပြီးနောက် ဟွမ်ပေ့ချန်က ရင်းဆုယဲ့ကို ဦးညွှတ်လျက် တောင်းပန်လာတယ်။

ရွှယ်ယို့ရှန်းက ဘာမှဝင်မပြောဘူး။ စိတ်ရင်းအမှန်နဲ့ တောင်းပန်လာတဲ့ ဟွမ်ပေ့ချန်ကိုကြည့်လိုက်၊ ဟွမ်ပေ့ချန်ရဲ့ တောင်းပန်မှုအပေါ် တုံ့ပြန်မှုမရှိတဲ့ ရင်းဆုယဲ့ကို လှည့်ကြည့်လိုက် လုပ်နေခဲ့တယ်။ ရုတ်တရက် အခန်းတွင်းအခြေအနေက ကိုးရိုးကားရားဖြစ်လာတယ်။

သူသာ ရင်းဆုယဲ့နေရာမှာဆိုရင် ဟွမ်ပေ့ချန်ကို အေးတိအေးစက် စိုက်ကြည်လိုက်ပြီး.. “တောင်းပန်တိုင်းသာ ခွင့်လွှတ်ရရင် ရဲစခန်းတွေကို ဘာအတွက်လိုအပ်နေဦးမှာလဲ..?” လို့ ပြောပစ်လိုက်မှာ။ ကမ္ဘာမြေပေါ်မှာ အသုံးများတဲ့ ဒီစကားနဲ့သာ ထိုးနှက်ပစ်လိုက်ရင် ဟွမ်ပေ့ချန်တော့ ဆွံ့အသွားမှာ အသေအချာပဲ။

တစ်ကြိမ်တစ်ခါ ပျက်စီးကွဲကြေဖူးရင် ဘယ်လိုပဲပြန်လည်ပြင်ဆင်ပါစေ၊ အက်ကြောင်းကျန်ရစ်နေမှာပဲ။ အထူးသဖြင့် ရင်းဆုယဲ့လို ပြန်လည်မွေးဖွားလာတဲ့ အခြေအနေမျိုးမှာပေါ့။ ဟွမ်ပေ့ချန်အတွက် သူနဲ့ရင်းဆုယဲ့ မတွေ့ရတာ သုံးလလောက်ပဲ ရှိဦးမယ်။ ဒါပေမဲ့ ရင်းဆုယဲ့အတွက်တော့ ဘဝတစ်ခုလုံးစာပဲ။ နာကျဉ်းချက်အသစ်တွေကို ရန်ငြိုးအဟောင်းပေါ် ထပ်တင်လိုက်သလို၊ ရင်းဆုယဲ့က ဟွမ်ပေ့ချန်ကို ဘယ်တော့မှ ထပ်ပြီးခွင့်လွှတ်တော့မှာမဟုတ်ဘူး။

တကယ်ဆို ဟွမ်ပေ့ချန်ကို မြင်လိုက်တဲ့အချိန် အော်ဟစ်သတ်ဖြတ်တာမျိုးမလုပ်ပဲ တည်တည်ငြိမ်ငြိမ် စကားပြောနေတာနဲ့တင် ရင်းဆုယဲ့ရဲ့အပြုအမူက အတော်လေး ကောင်းမွန်နေပြီ။

“ခွင့်မလွှတ်နိုင်ဘူး ဆိုရင်ရော..?”

ရင်းဆုယဲ့က ဟွမ်ပေ့ချန်ကို ခံစားချက်မဲ့နေတဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်လိုက်တယ်။

သူ့အနေနဲ့ ဟွမ်ပေ့ချန်ကို မုန်းသလားမေးရင် တကယ်တမ်း မမုန်းဘူး၊ မမုန်းဘူးလားဆိုတော့လည်း မုန်းတယ်ပြောရမယ်..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now