{ အပိုင်း ၄ }

258 52 14
                                    

Title _ " Lavander OF LoVe SToRy "
« လာဗန်ဒါ ၏ ချစ်ပုံပြင် »
Ep _( 3 )

~ အချိန်ကား .. ~ ခရစ်နှစ် 2021 ခုနှစ် ..။

မိုးစက်များနှင့်အတူ တွဲပါလာသော လေ‌ပြေ
တစ်ချို့ကြောင့် အဖြူရောင် လိုက်ကာစ များ
သည် ယိမ်းနွှဲ့လုပ်ရှားနေသည် ။

ပြတင်းပေါက်ဘောင်မှ ခရမ်းရောင်ပန်းတစ်ချိူ့၏ ရနံ့များကလည်း လေပြေကြောင့် မွေးကြိုင်နေသည် ။

ထိုအခန်း၏ အလယ်ရှိ အဖြူရောင် အဆင်းရှိသော
ကုတင်တစ်ခု၌ ကလေးတစ်ယောက်သည် သူ့
အမေ၏ ရင်ခွင်ထဲ ဝင်၍မှိန်းနေ၏ ။

မိခင်၏ စကားများဆုံးခန်းဝင်တော့မှ ကလေး
ငယ်၏ မျက်ခွံများသည် ဖြည်းဖြည်းခြင်းဖွင့်ဟ
လာသည် ။

" မေကြီး .. ဒါဆို .. ဒီဇာတ်လမ်းက ဘယ်တော့
အဆုံးသတ်မှာလဲဟင် !! "

မိန်းမကြီးသည် သားဖြစ်သူ၏ ခေါင်းကိုအသာ
လေးပုတ်ပေးလိုက်သည်။

" မကြာတော့ပါဘူးကွယ် !! "

~ ဒေါက် ~ ဒေါက်

တံခါးခေါက်သံကြောင့် မိခင် နှင့် ကလေးငယ်
တို့၏ အကြည့်များသည် တံခါးဆီသို့ရောက်သွား
ကြသည် ။

" Jin Hyung !! "

ပြောရင်းဆိုရင်းနဲ့ပင် ခြေသလုံးလာဖက်သော
ညီတော်မောင် ကို ဂျင်နာနာ ရိုက်လိုက်တော့
မကြည်ကြည့်လာသည် ။

" အသက်ကဖြင့် 13 နှစ်ရှိနေပြီ အခုထိချွဲတုန်းလား ?? "

" ဟျောင်းကလည်း .. ထယ်ထယ်က ကလေးပဲ
ရှိသေးတာကို !! "

" ပြောပါဉီး .. မားအခန်းထဲလာပြီး .. ဘာလုပ်နေတာလဲ !! "

"မေကြီးက .. ပုံပြင်ပြောပြနေတာလေ "

" ဘာပုံပြင်လဲ !! "

ဂျင် ထယ်နှင့်တစ်တန်းတည်းဖြစ်အောင်
ခါးကို ကိုင်းလိုက်ပြီး မေးလိုက်တော့
ထယ်ယောင်း၏ မျက်လုံးများအရောင်လက်လာသည် ။

" လာဗန်ဒါရဲ့ ချစ်ပုံပြင် တဲ့ .. ဝမ်းနည်းဖို့
တော့ကောင်းသား .. ဒါမဲ့ ပုံပြင်က ဇာတ်မသိမ်း
သေးဘူးတဲ့ .. ဟျောင်းသိလား ?? "

" The Love STORY OF LaVaNdEr " { Kookjin }Nơi câu chuyện tồn tại. Hãy khám phá bây giờ