အပိုင်း ၁ { Unicode }

1.5K 72 16
                                    

Title _" Lavander.. OF ..LoVe ..StOrY .."
« လာဗန်ဒါ ၏ ချစ်ပုံပြင် »

{နာရီလက်တံ.. တွေကိုသာ.. နောက်ပြန်ရစ်..
လို့ရရင်.. အချိန်တွေကိုသာ .. နောက်ပြန်ဆုတ်လို့
ရမယ်ဆိုရင် ..အတိတ်ကို.. ပြန်ရောက်သွားမှာက..
မလွှဲ‌မသွေပဲပေါ့ .. }

အဲ့ဒီ့လိုပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း 1500
လောက်ကို ပြန်သွားခွင့်ရမယ်ဆိုရင် ....

~••••~••••~••••~••••~••••~••••~••••~••••~
≤ လွန့်ခဲ့သောနှစ်ပေါင်း 1500
ခုနစ်သက္ကရာဇ်အရ 521 ခုနှစ် ≥

~ အာရှတိုက်အနောက်ပိုင်း ၊ ‌နှင်းတောင်ထူထပ်သော
ဒေသ ~

အချိန်တစ်ခုသို့ .. ပြန်သွားရလျှင် .. တိမ်များနောက်သို့
ကွယ်ကာ .. တိုးဝင်နေသာ .. နေလုံးကြီး.. နှင့် ..ပုစွန်ဆီရောင် ..ညနေခင်း ..တစ်ခုက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို .. စတင်ခဲ့သည် ။

ပါးလွှား‌ေသာအဖြူရောင်ချဉ်သား ဝမ်းဆက် ကို ဝတ်ဆင်ထားပြီး အပေါ်ထပ်အနေဖြင့် ခေါင်းဆွတ်ပါသည့် ပတ္တမြားရောင်ပိုးသား ခြုံထည်ကို
လွှမ်းခြုံထားသည် ။

ကျယ်ပြန့်သော ပုခုံးနှင့် ဓားရိုးလို ထင်းနေသော
မျက်ခုံးက ယောင်္ကျားပီသခြင်းကို ကိုယ်စားပြု
နေသလို ဖန်သားလိုကြည်လင်တဲ့ အသားအရေနှင့်
ပန်းနုရောင် နူတ်ခမ်းပါးက နူးညံ့ခြင်း အသွင်
ဆောင်နေပြန်သည် ။

ဖြူဖွေးသွယ်လျသည့် လက်ကောက်လေးများက ဂျင်ဆင်းနှင့် ဆေးမြစ်အချို့ပါအညှိုရောင် သစ်သားခြင်းကိုကျစ်ကျစ်ပါအောင်ဆုတ်
ကိုင်ထားသည် ။

ကောင်လေး၏ ခြေလှမ်းများက သွက်နေပြီး အိမ်မြန်
မြန်ပြန်ရောက်ခြင်နေတဲ့ကလေး တစ်ယောက်အလား ..

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင် ပေါ်သို့
တရွတ်တိုက် ဆွဲနေသည့် ပတ္တမြားရောင် ပိုသားခြုံထည်
ကို ညာဘက်လက်တစ်ဖက်မှ မနိုင်မနင်းဖြင့် မထားရသည် ။

မြေပြင်ပေါ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက် ပြန့်ကျဲ
နေသော နှင်းစက် အစုအပုံများ နှင့် ဘေးနားရှိ
အနီရောင်မေပယ်လ် ပင်တွေပေါ်မှ ရေစက်အချို့ ကလည်း ဆောင်ဉီးရောက်ပြီးဟု
ကြွေးကြော်နေသလို .. ။

" The Love STORY OF LaVaNdEr " { Kookjin }Donde viven las historias. Descúbrelo ahora