{ အပိုင်း ၈ }

306 33 40
                                    

Title -" Lavander OF LoVe SToRy "
« လာဗန်ဒါ ၏ ချစ်ပုံပြင် »
Ep - ( 8 )

°°အနမ်း သူခိုး °°

ကျွီ ~~

' ကျွီ ' ခနဲ ပွင့်ချလာသော တံခါး၏ နောက်ရှိ
သခင်လေးကြောင့် အထိန်းတော်ကြီး ပါးစပ်အဟောင်း
သားဖြစ်သွားရသလို နွေလယ်ခေါင်ကြီး မိုးကြိုးပစ်
ခံရသည့် နှယ် ထိပ်ထိပ်ပြာပြာဖြစ်သွားရသည် ။

" သခင်လေး ခေါင်းစီ ကြီးကို ဘာလို့ ခါးမှာစီးထား
ရတာလဲ အိုကွယ် သခင် လေးနဲ့တော့ ခက်ပါဘိ "

" ဟင် !! ခေါင်းစည်း !! "

ခါးရှိ ပိုးစအားကြည့်ရင်း ပြောလာသည့် အထိန်းတော်
ကြီးသည်လည်း အတော်ကို စိုးရိမ်နေပုံရသည် ။ ဒေါသ
ထွက်မနေသော်လည်း မျက်ခုံးများပါ တွန့်ချိုးနေသည် ။

ဆော့ဂျင် အခုမှ သတိရသည်က ထိုပိုးစ အလယ်ရှိ
ကြယ်အမှတ် ။ ထိုအမှတ်နှင့်အတူ စာစုတစ်ခုပါ
တွဲဖက်သတိရသွားသည် ။

' လ ' ဆိုသည်က ' ဝံပုလွေ ' တို့၏ အမှတ်အသား ၊
' နေ 'သည်' ကောင်းကင်ဘုံ'၏ကိုယ် စားပြုအမှတ်အသား ၊
' ကျား ' သည် ' လူနီရိုင်း ' တို့၏ အထွပ်အမြတ်ထားရာ ၊

အဲ့တာဆို ' ကြယ် ' က ' မြေခွေး ' မျိုးနွယ်ရဲ့ အမှတ်အသား ပေါ့ !!
ဟုတ်သည် ။ မြေခွေးမျိူးနွယ်စု၏ဖြစ်တည်မူ့သည်
' ကြယ် ' ကိုကိုယ်စားပြုသည် ။

* ဖြန်း * ဖြန်း *

ဆော့ဂျင်ကိုယ်ပါးကိုယ်သာနာနာရိုက်လိုက်ခြင်တော့
သည် ။ ဘယ်နှယ့် မြေခွေးတွေ အထွတ်အမြတ် ထား
တဲ့ ' ကြယ် ' တံဆိပ်ပါတဲ့ ခေါင်းစည်းကို မှ ခါးစည်း
မိရလေသလား ။ မလွှဲရင်မနေနိုင်သော ကိုယ့်ကိုယ်ကိုသာ နာနာသာရိုက်မိတော့သည် ။

" သခင်လေး ပိုးစလေး မဖြုတ်ရင်တောင် အလယ်က
ကြယ်လေး ဖြုတ်ပေးပါလား ?? "

" တောင်းပန်ပါတယ် !! ဟို ကျွန်တော်တကယ်မသိ
တာပါ ခေါင်းတော့မဖြတ်ဘူးမို့လား အခုချက်ခြင်း ဖြုတ်ပေးပါ့မယ် "

ပိုးစအလယ်မှ ကြယ်အား အလောတကြီးဆွဲ
ဖြုတ်သော်လည်း တော်တော်နဲ့မပြုတ် ။ အား
ထည့်၍ ဖြုတ်သော်လည်းမရ ။

" The Love STORY OF LaVaNdEr " { Kookjin }Nơi câu chuyện tồn tại. Hãy khám phá bây giờ