{ အပိုင်း ၆ }

264 40 12
                                    

Title _ " Lavander OF LoVe SToRy "
« လာဗန်ဒါ ၏ ချစ်ပုံပြင် »
Ep - { 6 }

" သူတို့က .. ဘယ်သူတွေလဲ ?? "

မေပယ်လ် ပင်တွေအား နောက်ခံထားကာ နမ်း
ရိူက်နေသော ကောင်လေးနှစ်ယောက်သည်
ဆော့ဂျင် ၏ရှေ့တွင် ရှိနေသည် ။ ခြေလှမ်း
လေးလှမ်းလောက်မျှသာ ကွာဝေးသော
အကွာ‌အဝေးတွင်တောင် သူထိုကောင်လေးနှစ်
ယောက်၏ မျက်နှာကိုမမြင်ရချေ .. ။

" ဒါက !! "

သူထိုနှစ်ယောက်နှင့်အနီးဆုံးဖြစ်အောင်လျှောက်သွား‌မိသည် ။ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ရင်
ဘတ်ထဲမှ ဆူးနစ်ဝင်ထားသလို နာကျင်မူ့သည်
ထိုနှစ်‌ယောက်ရဲ့ ပုံရိပ်ယောင်တွေကြောင့်ပဲလား ?? ။

ဆော့ဂျင် ထိုနှစ်ယောက်ထဲမှ မဟူရာရောင်
ဝတ်ရုံရှည်နှင့် ကောင်လေး၏ လက်မောင်းအား
လှမ်းဆွဲလိုက်သည် ။ သို့သော် သူထိကိုင်လို့
မရ သူသည် ဝိညာဉ်တစ်ဉီးကဲ့သို့ သူ၏လက်များ
သည် ပုံရိပ်ယောင်သဖွယ် ဖြစ်နေချေသည် ။

" ငါသေသွားတာပြီလား ?? "

ဆော့ဂျင် သူ၏လက်များအား ဖြန့်ကာကြည့်
မိသည် ။ သူ့ကိုယ်သူလဲ ထိတွေ့မိသည် ။ ခေါင်း ၊
ရင်ဘတ် ၊ ခါး ၊ ခြေထောက် အကုန်လုံးကို ထိ
ကိုင်လို့ရသည် ။ ထိကိုင်လို့မရသသည်က သူ
၏ ရှေ့မှ နမ်းရိူက်နေကြသော်ကောင်လေး
နှစ်ယောက်ပင် ။

ထို့နောက် သူ၏ ရှေ့မှ ကောင်လေးနှစ်ယောက်
သည် ရုတ်ကြီးဆိုသလို ပျောက်ကွယ်သွား
တော့သည် ။ ထိုအခိုက်တွင် သူ၏ မျက်စိ
ရှေ့ ၌ သစ်သားအိမ်ပုလေးတစ်လူံးပေါ်လာ
ပြန်သည် ။

သူ၏ ခြေ‌ထောက်များက ထိုအိမ်ထဲသို့မဆိုင့်မတွ
ပင်ဝင်သွားမိသည် ။ ထိုအိမ်ထဲဝင်ဝင်ခြင်း
မှာပဲ မြင်တွေ့လိုက်ရသည်က ထမင်းဝိုင်းတစ်ခု ။

ထိုအိမ်ရှိ လူများက မိသားစုစုံစုံလင်လင်ဖြင့်
ထမင်းစားနေကြပုံပေါ်သည် ။ ထိုအထဲမှ အဖေ
ဖြစ်ဟန်တူသော ဉီးလေးကြီး၏ အော်သံ
ကြောင့် ထောင့်တစ်ရာကိုကြည့်မိတော့ ပန်းကန်
တွေနဲ့ ပိနေတဲ့ကောင်းလေးတစ်ယောက် ၊ မျက်
နှာကိုတော့ သေချာမမြင်ရ ၊ အပြင်ပိုင်း အသွင်ပြင်
နဲ့ ခန္ဓာကိုယ်က တော့ သူနဲ့အတော်လေးဆင်သည် ။

" The Love STORY OF LaVaNdEr " { Kookjin }Donde viven las historias. Descúbrelo ahora