{ အပိုင်း ၉ }

156 30 22
                                    

Title _ The Love Story of Lavander
« လာဗန်ဒါ ၏ ချစ်ပုံပြင် »
{ အပိုင်း 9 }

ဒီလ၏ လေးပတ်မြောက် တနင်္ဂနွေနေ့ မနက်ခင်း၌
ဖြစ်သည်။

အနောက်နန်းဆောင်ရှိ ဆော့ဂျင်သည် မနက်စာ
စားပြီးသောအခါ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ၀တ်လိုက်ပြီး အပြင်ထွက်ရန်
ပြင်ဆင်လိုက်သည် ။

မနေ့က ဦးရီးတော် သူ့ပါးအားခိုးနမ်းသွားသည်
ကြောင့် ရှက်ပြီးတညနေလုံးအဆောင်ပြင်တောင်
မထွက်ခဲ့ရ ။ ပြန်တွေးကြည့်လျှင် လုံး၀မကျေနပ် ။

သို့ပေမယ့် မနေ့က ခိုးထွက်သွားမိသည်ကြောင့်
အပြစ်ပေးသည့်ဟုသာ တွေးလိုက်တော့သည်။
လောင်ကစားရုံခိုးသွားတာ ဦးရီးတော် သိလျှင်
ခေါင်းဖြတ်လိမ့်မည်ဟု တွေးခဲ့မိပါသော်လည်း
အပြစ်ဒဏ်က နူးညံ့ချိုမြသည့်
အနမ်းတစ်ပွင့်သာ ။

" သခင်လေး ဘယ်သွားမလို့လဲ "

အထိန်းတော်ချွဲမေးလာသည့်အခါ သူ့မှာတိကျ
သည့်အဖြေဟူ၍မရှိပါချေ ။ သူဒီနယ်မြေအကြောင်းကိုလည်း သေချာမသိသလို
ဦးရီးတော် သူ့ကိုဘာလို့ ဒီကို ခေါ်ထားလဲဆိုတာ
လည်း သေချာမသိ ။

" ဒီတိုင်း ဟိုဟို .. ဒီဒီ .. လျှောက်သွားမလို့ "

ပြောရင်းပင် တတ်ကြွက်တဲ့ခြေလှမ်းတွေနဲ့
၀ေး၀ေးလျှောက်သွားသည့် သခင်လေးနောက်
လိုက်မည်ပြင်တော့ ' ရပ် ' ဆိုသည့်အသံနှင့်
ဒီဘက်ပြန်လည့်ကာ လက်ငါးချောင်းထောင်
ပြပြီး သူ့နောက်မလိုက်ဖို့ အမူအယာရော
စကားနဲ့ပါ ပြောနေသည့်သခင်လေးအား
ကြိုးရှည်ရှည်နဲ့တုပ်ပြီး ဖက်ထုပ်လိုသာ
ထုပ်ထားလိုက်ချင်တော့သည်။

မွှေချက်ကလည်း နိုင်းလောက်ရှိပြီး တလွှဲတွေလည်းတန်းစီလုပ်တတ်သေးသည်
ဒါကို နောက်ကလိုက်မထိန်းလျှင် ရီဂယောင်းဟူ
တစ်ခုလုံး ဇောက်ထိုး မိုးမျှော်နေလောက်ပြီပင်။

" သခင်လေး .. စောင့်ပါဦး .. "

ချွဲဆန်းဂုက စကားနားမထောင်ဘဲ လိုက်လာတာကြောင့်
ဆော့ဂျင်တန်းနေအောင်ပြေးတော့သည် ။

ပြေးနေရင်းနဲ့သိပ်မကြာလိုက်ခင်မှာပဲ အထိန်း
တော်ချွဲကို မျက်ခြေဖြတ်နိုင်ခဲ့ပြီး ဆော့ဂျင်
ပျော်နေတုန်းရှိသေး ရောက်သွားသည်က
ဦးရီးတော်၏ နန်းဆောင်းနား ။

" The Love STORY OF LaVaNdEr " { Kookjin }Donde viven las historias. Descúbrelo ahora