{ အပိုင်း ၁၀ }

281 30 12
                                    

        ✿. Lavender of the love story. ✿
                   « လာဗန်ဒါ ၏ ချစ်ပုံပြင် »
                             { အပိုင်း 10 }

ယွန်းဂီက သူ့ရှေ့မှာထိုင်ရင်း ဂျောင်ကု၏ ငယ်စဥ်
ကအကြောင်းတော်တော်များများ သူ့အားပြော
ပြနေသည်။ ဦးရီးတော်အား အောက်ဖဲလှန်သည်
ဆိုလျှင်ပိုမှန်လိမ့်မည် ။
  
“ ကျွန်တော်က အတိတ်ကဦးရီးတော်ရဲ့ ချစ်သူဆို
ဒါဖြင့်ရင် လွန်ခဲ့တဲ့နှစ်တွေတုန်းကဘာလို့ လိုက်မရှာ
ခဲ့ရတာလဲ”

ဆော့ဂျင်တွင် မေးခွန်းပေါင်းများစွာ ရှိနေပါသော်
လည်းအဆီလျော်ဆုံးမေးခွန်းတစ်ခုသာလျှင်မေး
မိသည်။ အားလုံးက သူ့အား ဦးရီးတော်ရဲ့ချစ်သူ
လို့ပြောကြသည်ကို သူမယုံခဲ့သော်လည်း သူတို့
ပုံစံက လိမ်ပြောသည်နှင့် နည်းနည်းမျှမတူ ။

သူပတ်မွှေနေသည်အား စိတ်မခုသည့်အပြင်
သူတို့အရှင်၏ အမြတ်နိုးဆုံးလူသားအား
အခစား၀င်ရသည့်အတွက် ပျော်ရွှင်နေပုံပင် ။

ဆော့ဂျင်တကယ်သိချင်သည် ။ သူနှင့် ဦးရီးတော်က ရာစုနှစ် 500 ကျော်လိုက်ကတည်း
ကချစ်ကြိုက်ခဲ့သည် ။ ဒီလိုသာဆို ကြားထဲမှာ
နှစ်ပေါင်း 1500 တောင်သူတို့အရင်နှစ်တွေမှာ
တကယ်ပဲ ထပ်မတွေ့ဖြစ်ခဲ့ကြဘူးလား ။

အဲ့နှစ်တွေမှာသူထပ်ပြီး မမွှေးဖွားတာတော့မဖြစ်
နိုင်ပေ။ ဒါဆိုဘာလို့လဲ ??

ဦးရီးတော်က သူ့ကို လိုက်မရှာခဲ့တာသာ ဖြစ်သည်။

ယွန်းဂီကပြန်ဖြေသည် ။ သူ့မျက်တောင်များက
သေချာကြည့်မှ မြင်နိုင်ရုံဆိုသလောက်တစ်ချက်
တုန်ခါသွားသည် ။ သူမျက်လုံးတွေက နာကျင်
မူအနည်းငယ်ရောရူပ်နေသည် ။

“ ဦးရီးတော် လိုက်ရှာခွင့်မရခဲ့ဘူးလေ ”

ဆော့ဂျင် ဘာမှမပြောနိုင်လိုက်ခင်မှာဘဲ ယွန်းဂီက
ဆက်ပြောသည် ။

“ ဦးရီးတော်အရင်က ကြင်နာတဲ့သူမဟုတ်ခဲ့ဘူး
ဦးရီးတော်က ဆိုးရွားတဲ့မိစ္ဆာဘုရင်ဖြစ်ခဲ့
ပြီးတော့  အားနည်းသူတွေကို အနိုင်ကျင့်ရတာ
သဘောကျတယ် ဘယ်သူမှသူ့ကိုမတားနိုင်ဘူး
ငယ်" ကရခဲ့တဲ့စိတ်ဒဏ်ရာကြောင့် ဦးရီးတော်က
အရူးတစ်ယောက်လိုပဲ ရူးရူးနှမ်းနှမ်းကိစ္စတွေပဲ
လုပ်တယ် ပျော်ရွှင်နေတဲ့မိသားစုတွေမြင်ရင်
သူမနာလိုတော့ဘူး ဖျက်စီးချင်လာတယ်”

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Apr 30, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

" The Love STORY OF LaVaNdEr " { Kookjin }Nơi câu chuyện tồn tại. Hãy khám phá bây giờ