Ep. 7နံနက်ခင်းရဲ့ နေရောင်နွေးနွေးလေးက မှန်ပြတင်း
ပေါက်ကတဆင့် အခန်းတွင်းသို့ဖြာကျလျက်....
ဖိုမ ငှက်မောင်မောင်နှံတို့ကလည်း နေရောင်နွေးနွေး
အောက်မှာ တေးသီကျူးလို့.
......အိပ်နေရင်းနဲ့ အသက်ရှူကျပ်လာသလိုလို.
..တစ်ခုတစ်ခုနဲ့ တုပ်နှောင်ခံထားရသလိုလို ဖြစ်လာတာကြောင့်....
မျက်လုံးဖွင့်ကြည့်လိုက်တော့....😳What??...ငါအခန်းမှားလာတာလား....
သူ့ခန္ဓာကိုယ်က ရိပေါ်ရဲ့ ရင်ခွင်ထဲမှာ..
..ပြီးတော့ ရိပေါ်ကလည်း အိပ်တာကို ရိုးရိုးသားသားမအိပ်ဘူး..
ကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့....လွှတ်ထွက်သွားမည့်အလား တင်းကျပ်စွာ ဖက်ထားထာကြောင့်...လူက တုပ်တုပ်မျှလှုပ်၍မရ....
နိုးတော့လည်း ထမလာတာကြောင့် နှာခေါင်းတွေ
ပါးတွေကို သူ့လက်သေးသေးလေးနဲ့ စိတ်ရှိလက်ရှိ
လိမ်ဆွဲနေလိုက်သည်...
ရှောင်ကျန့်နိုးနေတာ ရိပေါ်သိတာပေါ့...တမင်သက်သက် မနိုးချင်ယောင်ဆောင်နေတာ...
နှာခေါင်းတွေပါးတွေ ကို အားရပါးရ လိမ်ဆွဲနေတာကြောင့်...
ကြာလာတော့..ပါးတွေပါ ပူလာသည်..."ကိုယ်ထပြီ...ထပ်မဆွဲနော့ ကိုယ့်ပါးကြီး ပြုတ်ထွက်သွားတော့မယ်..."
"ထရင်လည်း ငါ့ကို လွှတ်ဉီး..."
ကျွန်တော်လွှတ်ပေးလိုက်တော့ ချက်ချင်းထကာ
..အခန်းထဲကို ဟိုကြည့်ဒီကြည့်နဲ့...."ရိပေါ်...မင်း..."
ခုတင်အောက်က ကျွန်တော်ကန်ချထားတဲ့ သူ့ ခေါင်းအုံးတွေ ဖက်လုံးတွေကို ကြည့်ကာ ကျွန်တော့်ကို လက်ညိုးထိုးပြီးပြောလာတာကြောင့်....
"ဘာဖြစ်လို့လဲ..."
"အီးဟီး...သွားပါပြီ ငါတောင်မထိရက်မကိုင်ရက်နဲ့အမြတ်တနိုးထားတဲ့ဟာကို မင်းက...ဟင့်..."
"ရှောင်းလေး... ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ မျက်ရည်ကျမနေနဲ့ သူများမြင်ရင် အရူးလို့ အပြောခံနေရဉီးမယ်..."
KAMU SEDANG MEMBACA
The Crazy [Completed]
Fiksi PenggemarWang Yibo ~ ကျွန်တော်သူကို သိပ်ချစ်တာ..သူ့ရင်ထဲမှာတော့ သူ့ idol လောက်တောင် ကျွန်တော့ အတွက် နေရာရှိပါ့မလား..ဒါပေမယ့်လည်း လက်မလျှော့ဘူး ချစ်မှာ🦁 Xiao Zhan ~ ကျွန်တော် ကိုကို့(Kris )ကိုသိပ်ချစ်တယ် တစ်နေ့နေ့တော့ အပြင်မှာ ဆုံဖူးချင်တယ်ကိုကို သူ(Yibo) က...