Ep. 12
"သား ဘယ်လိုနေသေးလဲ သမီး..."
ရိပေါ်အခန်းထဲကထွက်လာတဲ့ ဝမ်ချင်ကို ဝမ်မားက မေးလိုက်တော့ ဝမ်ချင်က ခေါင်းရမ်းပြကာ...
"ငိုနေတုန်းပဲ မား...ဟူး..."
ကျန်းချန်တို့ပြန်သွားကတည်းနဲ့ အခန်းထဲဝင်ကာ ငိုနေမိသည်...
ဘာလို့လဲ ရှောင်းလေး...ကိုယ့်မှာ ဘာအပြစ်တွေရှိနေလို့ ဒီလိုလုပ်ရတာလဲ...."သား......"
ရိပေါ်ငိုနေတုန်း ဝမ်မားက အခန်းထဲဝင်လာကာ ခုတင်အောက်မှာထိုင်ငိုနေတဲ့ ရိပေါ်ကို ရင်ခွင်ထဲထည့်ထားလိုက်သည်။
"သား...မငိုပါနဲ့တော့ သားရယ် ရှောင်းလေးလည်း အကြောင်းတစ်ခုခုရှိလို့နေမှာမှာပါ..."
"..."
"လာ...သားအရမ်းဝမ်းနည်းနေရင် မားရင်ခွင်ထဲမှာနေနော်..."
"မား....."
"အင်းပြောလေ သားရဲ့..."
ဝမ်မားပြောလိုက်တော့ ရိပေါ်က သူ့ဘယ်ဖက်ရင်အုံကို လက်နဲ့ထုကာ...
"ဒီနား....ဒီနားက နာတယ်မား...သား ဘယ်လိုလုပ်ရမလဲ...ဟင်...မား..."
ဝမ်မား လည်း ဘာမှမပြောတတ်တော့ ...
သူ့သားက ခံစားနေရတော့ သူလည်းစိတ်မကောင်း...
ရှောင်းလေးကိုလည်း အပြစ်မတင်ရက်...
လူငယ်ပဲလေ သူ့လွတ်လပ်ခွင့်နဲ့သူရှိတယ်မလား....ထိုအချိန် စိတ်ပျက်လက်ပျက်နဲ့ အိမ်ထဲဝင်လာတဲ့ ရှောင်းလေး...
"ရှောင်းလေး...ဘယ်တွေသွားနေတာလဲ..."
ဝမ်ချင်က အရှေ့မှာကြိုဆီးကာ မေးတော့လည်း ရှောင်ကျန့်က ဘာမှမပြော...
လှေကားအတိုင်းတက်ကာ အပေါ်ထပ်သို့သွားနေသည်...
လှေကားထိပ်မှာရပ်နေတဲ့ ဝမ်ပါးကိုတွေ့တော့လည်း.."မဂ်လာပါ ဦးလေးဝမ်..."
တစ်ခွန်းထဲနှုတ်ဆက်ကာ သူ့အခန်းထဲသို့ ပြန်ဝင်သွားသည်။
ရှောင်ကျန့် တစ်ယောက် ခေါင်းငိုက်စိုက်ကျပြီး ခုတင်ပေါ် ထိုင်နေတုန်း အခန်းထဲကို ရိပေါ် ဝင်လာသည်။
ထိုင်နေတဲ့ရှောင်ကျန့်ကို ဆွဲ ထကာ ပခုံးနှစ်ဖက်ကို လက်နဲ့ ကိုင်ရမ်းပြီးတော့....
KAMU SEDANG MEMBACA
The Crazy [Completed]
Fiksi PenggemarWang Yibo ~ ကျွန်တော်သူကို သိပ်ချစ်တာ..သူ့ရင်ထဲမှာတော့ သူ့ idol လောက်တောင် ကျွန်တော့ အတွက် နေရာရှိပါ့မလား..ဒါပေမယ့်လည်း လက်မလျှော့ဘူး ချစ်မှာ🦁 Xiao Zhan ~ ကျွန်တော် ကိုကို့(Kris )ကိုသိပ်ချစ်တယ် တစ်နေ့နေ့တော့ အပြင်မှာ ဆုံဖူးချင်တယ်ကိုကို သူ(Yibo) က...