The Crazy Ep.9

212 17 0
                                    

Ep. 9


အန်တီရှောင်းအိမ်ကနေ ညစာစားသောက် စကားစမြည်ပြောကာ ည၉ နာရီလောက်မှ အိမ်ပြန်လာခဲ့သည်။

ရှောင်းလေးကတော့ ကျွန်တော်ဘေးမှာ ထိုင်ကာ အိပ်ပျော်နေလေရဲ့....

အိမ်ပြန်ရောက်တော့ ကားစက်သတ်ကာ အိပ်ပျော်နေတဲ့ ရှောင်းလေးကို ပွေ့ချီရင်း အိမ်အပေါ်ထပ်ခန်းဆီသို့....

အိပ်ခန်းထဲရောက်တော့ ရှောင်းလေးကို ခုတင်ပေါ်အသာချပေးကာ ရှောင်းလေး မျက်နှာလေးကို စိုက်ကြည့်နေလိုက်သည်။

နှာဖူးပေါ်ဝဲကျနေတဲ့ ဆံပင်လေးတွေကို သပ်တင်ပေးကာ နှားထင်နေရာလေးကို အနူးအညံ့ဆုံး အနမ်းလေးနဲ့ နမ်းလိုက်သည်။

"ပြွတ်...သိပ်ချစ်တယ် ရှောင်းလေး.."

"ဟင်း....oppa.."

ရှောင်းလေးက အိပ်မက်ယောင်ကာ kris ကို တနေတော့ ...ရိပေါ် မျက်နှာပျက်သွားရသည်။

"Goodnight ကိုယ့်ရဲ့ ရှောင်းငယ်"

🥀 🥀 🥀 🥀 🥀

"ရိပေါ်..."

ကုမ္ပဏီ စာရင်းတွေနဲ့  အလုပ်ရှုပ်နေတုန်း ခေါ်သံကြားလို့ကြည့်လိုက်တော့...

"ယွီပင်း.."

"အိုး...ငါတို့ Ceo ကြီးက အလုပ်တွေ ရှုပ်နေတာလား"

"နည်းနည်းပါ..ဘာကိစ္စလဲ"

"ငါက ကိစ္စ ရှိမှ လာရမှာလားကွာ"

"မင်းက ထူးထူးခြားခြား ငါ့ဆီလာတယ်ဆိုတော့ "

"မဟုတ်ပါဘူးကွာ ငါတို့သူငယ်ချင်းတွေ မဆုံတာကြာပြီလေ အဲ့တော့ coffee သောက်သွားကြမလားလို့...ကျန်းချန်လဲ ရုံးတက်တယ်မလား.."

"Ok လေ အာ့ဆို ကျန်းချန် ပြန်လာရင်သွားမယ်..သူအခု ရိုက်ကွင်းဘက်သွားတုန်း"

"Ok..."

🥀 🥀 🥀 🥀 🥀

"ဟမ်...အဲ့တာဆို မင်းက "

"အင်း.... ဘယ်လိုလုပ်ရမလဲ ရှောင်းလေး ငါ့ကိုကယ်ပါဦး"

"ငါ..ငါလည်း မသိတော့ဘူး..."

"ဟင့် ငါက အိမ်ထောင်ပြုချင်သေးတာမဟုတ်ဘူး အဲ့တာကို မားက ဟင့်..ဟင့်...မားက ငါ့ကို အတင်းစီစဉ်တာ...ဟင့်"

The Crazy  [Completed]Where stories live. Discover now