ဆိုးလ်မြို့ရဲ့ လူချမ်းသာတွေနေထိုင်တဲ့ရပ်ကွက်တစ်ခုမှာ ....
"သားရေ minလေး "
"၅မိနစ်ပဲ မေမေ"
"ထတော့လေ သားရယ် မေမေသားအတွက်မနက်စာ ကင်ချီထမင်းကြော်လေးလုပ်ထားတယ် ထတော့နော် "
"ဟင် တကယ်နော် minနိုးပြီမေမေ ခဏနေဆင်းလာခဲ့မယ်နော်"
Minရဲ့မေမေပြုံးရင်းသာ သူ့ရဲ့သားကိုကြည့်နေလိုက်တယ် သူ့သားလေးတောင် အရွယ်ရောက်တော့မှာပဲ အထက်တန်းတက်ရတော့မယ်Minရေချိုးပြီး မနက်စာစားဖို့ဆင်းလာခဲ့တယ်
မီးဖိုခန်းထဲရောက်ရောက်ချင်း စားပွဲမှာဝင်ထိုင်ကာ သူ့ေမမေ ပြင်ပေးတဲ့မနက်စာကိုစားလိုက်တယ်
"စားလို့ကောင်းတယ်မေမေ
သားဗိုက်ဝပြီ ကျောင်းတက်ဖို့လိုတဲ့ပစ္စည်းတွေသွားဝယ်လိုက်အုံးမယ် မေမေ"
"အေးအေး သား Hobiလေးကိုပါခေါ်သွားနော်"
"ဟုတ်ကဲ့မေမေ"ဪ ဒါနဲ့ မိတ်ဆက်ရအုံးမယ်
ကျွန်တော့်နာမည် Park Jimin
အသက်ကတော့ ၁၆နှစ် အထက်တန်းနောက်ဆုံးနှစ်ပေါ့ဗျာ
ကျွန်တော့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က Jung Hoseok
ကျွန်တော်က တစ်ဦးတည်းသောသားဂျီမင် ဟိုဆော့ကိုဖုန်းဆက်ခေါ်ကာ အပြင်သွားဖို့ပြောလိုက်တယ်
ဟိုဆော့နဲ့ ဂျီမင် လိုအပ်တာတွေဝယ်ဖို့ထွက်လာခဲ့တယ်
Mallတစ်ခုကိုရောက်တော့
"ဂျီမင် ဟိုဖိနပ်က အရမ်းမိုက်တာပဲ ငါတော့ကြိုက်နေပြီ "
"ကြိုက်ရင် ဝယ်လေကွာ"
"အေး လာသွားမယ်"
ဂျီမင်တို့ ဖိနပ်ဝယ်ပြီး ဆိုင်ကအထွက်
"ဗုန်း" "အာ့"
"ဘာဖြစ်သွားသေးလဲ ကလေး"
"ဘာမှမဖြစ်ပါဘူးဗျ ကျွန်တော် ဟိုနားကအကျီကိုငေးရင်း မမြင်လိုက်တာပါ တောင်းပန်ပါတယ်ဗျ "
Jimin side: သူမမှားပဲနဲ့တောင်းပန်နေတယ် မင်းတကယ်ရိုးသားတာပဲ ကလေးငယ် လူကိုမကြည့်ပဲ အတင်းတောင်းပန်နေတဲ့ကလေး မော့ကြည့်လာတော့လဲ ချစ်စရာလေးပါလားကွာJk side: ဒီအကို ငါ့ကိုဘာလို့အဲ့လောက်ကြည့်နေတာလဲ ဈေးလာဝယ်တာ ပိုက်ဆံများများမပါလို့များ ချေးမလို့ကြည့်နေတာလား ကြက်သီးေတွတောင်ထလာပြီ ဒါပေမယ့် အကိုကသိပ်ကိုချစ်ဖို့ကောင်းတာပဲ ဘာလို့လဲ ငါ့ရင်ဘတ်ကရော လှုပ်နေတာ ငါအကို့ကိုရင်ခုန်နေတာလား ဟာ....မဖြစ်နိုင်ပါဘူး ယောက်ျားလေးချင်းကို
တစ်ယောက်ကိုတစ်ယောက် မျက်တောင်မခတ်တမ်းကြည့်နေတဲ့ ဂျီမင်နဲ့ သူတို့ရှေ့က ကလေးကို Hoseokထူးဆန်းနေတယ်
ဟိုဆော့မှ
"အဟမ်း ညီလေးဘာဖြစ်သွားသေးလဲ အကိုတို့ဘက်ကပဲတောင်းပန်ပါတယ် ရှေ့မကြည့်ပဲလျှောက်လာမိလို့ "
"အာ.. ရပါတယ်ဗျ
ကျွန်တော်လဲ ဘာမှမဖြစ်တာမလို့ သွားခွင့်ပြုပါအုံးဗျ"
"ဟုတ်ကဲ့ပါဗျ"
Jungkook သူ့ရဲ့ယုန်သွားလေးတွေပေါ်အောင်အထိ ရယ်ပြရင်း လှည့်ထွက်ခဲ့လေသည်
ဂျီမင်ကို သူမနှုတ်ဆက်ခဲ့ပါ ဂျီမင်ကိုမြင်မြင်ချင်း သူ့ရဲ့ရင်ဘတ်ထဲက အကောင်လေးက လှုပ်ခတ်သွားခဲ့သည်မလား
ဂျီမင်ကတော့ သူ့ကိုတောင်မရှိသလိုဆက်ဆံသွားခဲ့သည်ကြောင့် ကြောင်တောင်တောင်ဖြစ်ရင်းသာ ကျန်နေခဲ့တော့လေတယ်
YOU ARE READING
ချစ်ရသူမို့အပြစ်မမြင်ရက်ပါ
Romance"ကျွန်တော် ခင်ဗျားကိုသိပ်ချစ်တယ် min ကျေးဇူးပြု၍ ကျွန်တော့်ကိုမငြင်းပါနဲ့" ဂျွန်ဂျောင်ကု "ငါလည်းမင်းကိုသိပ်ချစ်တယ် ဂျွန် ကျေးဇူးပြု၍ ငါ့အနားမလာပါနဲ့" ပတ်ဂျီမင် "...