Part 13💜

243 21 3
                                    

ရောက်လာခဲ့ပြန်သည် ထိုနေရာ
လွမ်းဆွတ်ဖွယ်ရာ ဤခုံတန်း
လွမ်းမောဖွယ်ရာ အတိတ်
ပြီးတော့တဖန် ဒီနေရာပဲ
ပြန်ရောက်ခဲ့ပြန်ပြီလား သုံးယောက်လုံးပဲလား
အရင်လို နာကျင်ဖို့ ပြန်ရောက်လာခဲ့တာလား
သိပ်ချစ်မိတဲ့ဒီလူသားကို အချစ်ဆုံးသူငယ်ချင်းနဲ့ အတ္တကြီးစွာ လုရမှာလား ဒါဆိုဒီလူသားရဲ့စိတ်ကရော ဘယ်သူ့ဆီမှာလဲ သူ့ဆီမှာလား ကိုယ့်ဆီမှာလား
ဒါမှမဟုတ် ဒီလူသားငယ်ရဲ့ အဆုံးအဖြတ်ကိုစောင့်ရင်း တိတ်တခိုးချစ်နေရအုံးမှာလား
ဟင့်အင်း မဖြစ်ချင်ဘူး
ထို့နောက်တိတ်ဆိတ်စွာ
ငြိမ်သက်နေတဲ့ခန္ဓာကိုယ်၃ခုဟာ   တစ်ဉီးက အတွေးများနှင့်အတူ သက်ပြင်းရှည်ချလျက်
တစ်ဉီးက စိတ်ပူပင်လျက်
တစ်ဉီးက ဝေခွဲရခက်နေလျက်

သူတို့၃ယောက် ဘယ်သူအရင်စကားစပြောမလဲစောင့်စားရင်း အချိန်ကြာမြင့်စွာ ပို၍ငြိမ်သက်လျက်

Jk"Hyung"
တိုးလျသော အသံသည် မည်သူ့ကိုခေါ်သနည်း သူတို့နှစ်ယောက်လုံးရဲ့အကြည့်က   စူးရှစွာ
မျက်နှာတစ်ခုပေါ်သို့စူးစိုက်လျက်ပင်
ဘေးတစ်စောင်းကြည့်ရသောကြောင့်လား ဒီလူသားက ပိုပြီးချောမောနေသယောင်

Hobi,Jm"ဘယ်သူ့ကိုခေါ်တာလဲ "
သူတို့နှစ်ယောက်သည် အသံတစ်ပြိုင်နက်ဖြစ်သလို တိုးလျ‌သောအသံအနေအထားကလဲ ညှိထားသလိုပင်

Jk"နှစ်ယောက်လုံးကို"

Jm"ငါ  ထွက်သွားလို့ရမလား
ဒီနေရာကနေ"
သူ့စကားကြောင့် ဂျောင်ကုနဲ့ဟိုဆော့ စိုးရိမ်မှုအပြည့်

Hobi"ဘာလို့ ငါတို့ကိုလဲ"

Jm"ဘာကိုလဲ"

Hobi"ငါပြောတာ အရင်နားထောင်ပေး မင်လေး
ပြီးရင် မင်းထွက်သွားချင်ရင်ရတယ် ငါခွင့်ပြုတယ်"

Jm"ပြောပါ "

Hobi"နေမကောင်းဘူးလား မင်လေး မင်းအသံတွေက ပျော့လွန်းတယ် "

Jm"အင်း "

Hobi"နေမကောင်းရင် ဂရုစိုက်ပါ
မင်းဘာလို့ကျောင်းလာမတက်တာလဲ  ငါတုိ့ဘယ်‌လောက်တောင်စိတ်ပူရလဲ မင်းသိလား အိမ်ကိုလိုက်လာတဲ့သူငယ်ချင်းတွေကို ထွက်မတွေ့ရဲအောင် မင်းသတ္တိကြောင်နေလား မင်လေး
ငါတို့ကို မမြင်ချင်တော့တာလား။
ဂျောင်ကုကိုလား ငါ့ကိုလား     ဂျောင်ကုကိုမမြင်ချင်ဘူးဆိုတာထား သူက ခင်တာမကြာသေးတဲ့သူ
ဒါဆိုငါကရော
ငယ်ငယ်ကတည်းက ခင်ကြလာ‌တာလေ မင်းကိုသိပ်စိတ်ပူခဲ့တာ အရာရာမင်းဘေးမှာရှိနေခဲ့တာ မှားမှားမှန်မှန် မင်းဘက်ကရပ်တည်ပေးခဲ့တာ
ဒါတွေ‌ကိုမင်းထည့်မတွက်တော့ဘူးလား ဘာလို့လဲ ဘာလို့လဲလို့     မျက်ရည်မကျနဲ့ မင်းမျက်ရည်ကျရင် ငါနာကျင်ရတယ်ကွ   ငါ့ဘဝမှာမင်းကလွဲပြီး သူစိမ်းကိုပိုပြီးမခင်တွယ်ခဲ့ဘူး    အခုချိန်တခြားသူနဲ့ မင်းနဲ့ယှဉ်ရွေးရမယ်ဆိုရင် ငါမင်းကိုပဲရွေးမိမှာ ဘာလို့လဲသိလား ငါ့ဘဝရဲ့တစ်ဉီးတည်းသောသူငယ်ချင်းမို့

ချစ်ရသူမို့အပြစ်မမြင်ရက်ပါWhere stories live. Discover now