အဖြတ်အတောက်ကို သဲငယ်ဖြတ်ထားတဲ့အပိုင်းလေးတွေအတိုင်း ဖတ်ပေးပါနော်
တချို့စကားစုတွေကျတော့ ရောဖတ်လိုက်ရင် အဓိပ္ပါယ်ပျောက်သွားလို့ပါ သေချာဖြတ်ထားပေးတယ်နော် စာဖတ်တာမြန်တဲ့သူတွေကိုလဲ သတိထားပေးစေချင်ပါတယ်ရှင့်😘သူငါ့ထက်ပိုပြီး အရေးပေးတဲ့သူရှိနေပြီ ငါဟာ သူ့အတွက်အသုံးမဝင်သူတစ်ဉီးသက်သက်
မဟုတ်သေးဘူး ဒါက အထင်လွဲနေတာ။ ဒီတစ်လျှောက်လုံး သူငါ့ကိုပဲကြည့်လာခဲ့တာမလား
တစ်ကြိမ်လောက်ဖြစ်ဖြစ် အခွင့်အရေးပေးပြီး သူ့ကို ယုံကြည်သင့်တယ်တစ်ဖက်မှာတော့,
Jk"hyungထတော့နော်"
တုံ့ပြန်သံမလာခဲ့Jk"hyung"
Hobi"ဟင်" အိပ်ချင်မူးတူးနဲ့ထူးလာတဲ့ hyungရဲ့အသံ
Jk"ပြန်ကြရအောင်နော် Hyungအိပ်ချင်နေသေးတာလား"
Hobi"အင်း "
Jk"ဒါဆို ကျွန်တော်hyungကိုကျောပိုးမယ်နော် ကျွန်တော့်ကျောပေါ်မှာ ဆက်အိပ်"
Hobi"အဲ့လိုလုပ်လို့ရလား"
Jk"ရတာပေါ့ လာ
ကျွန်တော်က hyungအိပ်မောကျနေလို့ မနှိုးရက်လို့ဗျ တော်ကြာ အိပ်ရေးပျက်သွားမှာစိုးတယ် အချိန်ကိုလဲကြည့်ပါအုံးဗျာ အခုချိန်မနှိုးရင် ကျွန်တော်တို့နှစ်ယောက် တစ်ညလုံး ဒီမှာအိပ်ရတော့မယ် အခု ည၁၁နာရီကျော်နေပြီ အိပ်ရေးဝအောင်အိပ်ပါနော် ကျွန်တော့်အိမ်ကိုပဲ သွားလိုက်ပါ့မယ် hyungအိမ်က အိပ်နေလောက်ပြီဗျ ကျွန်တော်ဖုန်းဆက်ပေးထားတယ်"
ဂျောင်ကုတစ်ယောက် ဟိုဆော့ကိုကျောပိုးပြီးလမ်းလျှောက်ရင်း စကားေတွပြောနေမိတယ်
ကျောပေါ်ကကောင်လေးရဲ့ အပြုံးတွေကိုတော့
သူမမြင်ခဲ့ပါAt home,
Tae"သား ဘယ်သူ့ကိုခေါ်လာတာတုန်း
အိမ်ပြန်နောက်ကျလိုက်တာသားရယ် ကျောင်းလဲ မနက်ပိုင်းပဲတက်တယ်ဆို"Jk"ဟုတ်တယ် ဒါသားရဲ့သူငယ်ချင်း
သူနေမကောင်းဘူး သူ့အတွက် စားစရာနဲ့ဆေးလေး ယူခဲ့ပေးပါအုံးနော် ထယ်ထယ်နော်"
YOU ARE READING
ချစ်ရသူမို့အပြစ်မမြင်ရက်ပါ
Romance"ကျွန်တော် ခင်ဗျားကိုသိပ်ချစ်တယ် min ကျေးဇူးပြု၍ ကျွန်တော့်ကိုမငြင်းပါနဲ့" ဂျွန်ဂျောင်ကု "ငါလည်းမင်းကိုသိပ်ချစ်တယ် ဂျွန် ကျေးဇူးပြု၍ ငါ့အနားမလာပါနဲ့" ပတ်ဂျီမင် "...