Part 11💜

248 22 0
                                    

       
တိတ်ဆိတ်တဲ့ ညမှာ ငါတစ်ယောက်ထဲ
ညကြီးအချိန်မတော် လမ်းမထက်မှာ လူသူမသိအောင် ဝေဝါးနေတဲ့ပုံရိပ်တွေ
လှပလွန်းတဲ့မျက်လုံးတွေက   ကျဆင်းနေတဲ့မျက်ရည်တွေနဲ့ မလိုက်ဖက်ခဲ့  ဒါပေမယ့်လည်း မျက်ရည်တွေကို သူမသုတ်ခဲ့ပါ    ကျဆင်းစေတယ် ဆက်ပြီး ကျဆင်းစေတယ်
မွန်းကျပ်တယ် တစ်ခုခုကို ကိုင်လှုပ်ထားရသလို ခပ်တင်းတင်းခံစားချက်တွေနဲ့အတူ
.
.
.
.
.
.
လမ‌်းလျှောက်နေခဲ့တဲ့သူ ဘယ်သူလဲ
.
.
.
.
.
တိတ်ဆိတ်တဲ့ ညက အပ်ကျသံတောင်မကြားခဲ့ရ
.
.
.
အိပ်မပျော်သူ ဘယ်သူလဲ
.
.
.
.
.
.
.
.
ပင်ပန်းတယ် အရမ်းကိုပင်ပန်းနေတယ် စိတ်တွေကို လွှတ်ချပြီး အတ္တကြီးသင့်သလား ကြံမိတဲ့ စိတ်က မရိုးသားမှုတစ်ခုထက်ပိုပြီး အောက်တန်းကျတယ် လက်လွှတ်သင့်သလားဆိုတော့လည်း မလုပ်နိုင်ခဲ့ မျက်ရည်တွေဖြင့်သာ စိတ်ပင်ပန်းမှုကို ဖြေဖျောက်ခဲ့သူ
.
.
.
.

နှစ်ခြိုက်စွာအိပ်နေပေမယ့် အိပ်မက်တွေ မလှနေခဲ့သူ  ဘယ်သူလဲ

At Morning,
မိုးလင်းတာနဲ့ အချိန်မှန်ထွက်လာတဲ့ နေမင်းကြီးဟာ
လိုက်ကာမချထားတဲ့ မှန်တံခါးကဖြတ်ပြီးတော့ ကုတင်ပေါ်က လူသားလေးနှစ်ယောက်ပေါ်ကို ရောင်ခြည်တွေဖြာကျစေတယ်

Hobiတစ်ယောက်အိပ်ယာနိုးတော့ တင်းကျပ်နေတဲ့ ခံစားမှုကြောင့် ဘေးကိုကြည့်လိုက်တော့
သူ့ကိုဖက်ပြီးအိပ်‌နေတဲ့ဂျောင်ကုကို မြင်လိုက်ရတယ်
ဖြူဉနေတဲ့ အသားအရေ
ကြည်လင်နေတဲ့မျက်နှာ
လှပတဲ့နှုတ်ခမ်း
ခန့်ညားတဲ့မျက်နှာအချိုးအစား
ပြေပြစ်တဲ့မေးရိုး‌
ကြည့်ရတာ ရိုးအီမသွားတဲ့ ဒီမျက်နှာလေးက အပြစ်ကင်းလွန်းတယ်   "ချစ်တယ်ဂျောင်ကု
အရမ်းချစ်တယ် "ဆိုကာ    ဖောင်းအိနေတဲ့ပါးလေးကို အနမ်းလေးတစ်ပွင့် ခြွေချရင်း အနမ်းသူခိုးလေးလုပ်မိလေသတဲ့
ရှက်ပြီး ရေချိုးခန်းထဲပြေးဝင်သွားတဲ့သူက အိပ်ယာထက်ကကောင်လေးရဲ့ ရင်ခုန်သံတွေကို
မကြားနိုင်ခဲ့
အမှန်ဆို ဂျောင်ကုအရင်နိုးခဲ့တာပါ ဟိုဆော့နိုးလာလို့ ခဏပြန်မှေးရင်း မနိုးချင်ယောင်ဆောင်နေခဲ့တာ
ချစ်တယ်တဲ့လား hyungဘယ်အချိန်ထဲကချစ်နေတာလဲ။   hyungလျှိုတတ်လွန်းတယ်ဗျာ    တကယ်ကို အများကြီးခံစားနေရမှာပဲနော်     ဒါဆို မနေ့က hyungငိုတာကရော   ကျွန်တော်ပစ်ထားမိလို့ ငိုတာမလား။      မေးရင်တော့ မဟုတ်ဘူးပဲဖြေမယ့်hyungကို  သူ တိတ်တဆိတ်သာဂရုစိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။       တောင်းပန်ပါတယ် ကျွန်တော့်နှလုံးသားက Jimin hyungကိုပဲ လက်ခံနိုင်တာမလို့ hyungအတွက် စိတ်တော့မကောင်းပါဘူး 
ဒါပေမယ့် ကျွန်တော် ဂရုစိုက်ပါ့မယ်ဗျာ
ဟိုဆော့ ရေချိုးခန်းထဲက ထွက်လာတော့ အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ်ထိုင်နေတဲ့ ဂျောင်ကုကိုတွေ့တယ်

ချစ်ရသူမို့အပြစ်မမြင်ရက်ပါWhere stories live. Discover now