Part 4
ဒီနေ့က ဂျောင်ကု ဂျီမင် ဟိုဆော့တို့ ခင်လာကြတာ ၅လပြည့်တဲ့နေ့
JM" ငါတို့ ဒီနေ့ အပြင်ထွက်ပြီး တစ်ခုခုလုပ်သင့်တယ်လို့ထင်တယ် "
Jk"ထွက်ကြတာပေါ့ ငါတို့ ဟန်မြစ်ဘေးသွားကြမလား"
Hobi" အေး အဲ့အကြံမဆိုးဘူး သွားရအောင် "
JM" ok ၇နာရီလောက်သွားကြတာပေါ့ "
Jk"ကျွန်တော်လာခေါ်ရမလား Hyungတို့ "
Hobi,JM"ရပါတယ်ကွာ မင်းသာအိမ်မှာစောင့်နေ ငါတို့လာခေါ်မယ်"
ဂျီမင်နဲ့ဟိုဆော့ စကားတူသွားတော့ တစ်ယောက်နဲ့တစ်ယောက် အံ့ဩသွားကြတယ်
Jk side: သူတို့ သူငယ်ချင်းနှစ်ယောက် စိတ်ပါတူနေကြတာလား နှစ်ယောက်လုံး တစ်ပြိုင်ထဲပြောသွားတယ် ငါ့နားတွေပေါက်ထွက်တော့မလိုပဲ အူသွားတာပဲ။ အေးလေ သူတို့နှစ်ယောက်က ငါ့ထက်အရင်ခင်ခဲ့ကြတာဆိုတော့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေပေါ့ ငါကတော့ ကြာလာရင်တူလာမယ်ထင်ပါရဲ့ Hyungတို့ သူငယ်ချင်းနှစ်ယောက်ကို အားကျတယ် တစ်ခုခုဆို တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ပဲ ညှိကြတယ် အမြဲတမ်း ချစ်ချစ်ခင်ခင်ရှိကြတယ်
Jkရဲ့စိတ်ထဲ အမည်မသိတဲ့ မနာလိုမှုလေးတစ်ခုဖြစ်ပွားခဲ့တာကိုတော့ ဂျောင်ကုကိုယ်တိုင်ပင် မသိခဲ့ပါ
Hobi"ဂျောင်ကု ...
ဂျောင်ကု!!!!! "
Jk"ဟင် hobi Hyungဘာပြောတာလဲ"
JM"ဟိုဆော့ မင်းကိုခေါ်တာကြာနေပြီ မင်း ဘာတွေစဉ်းစားနေတာလဲ "
Jk"ဘာ ဘာမှမဟုတ်ပါဘူး Hyungတို့သူငယ်ချင်းနှစ်ယောက်က စိတ်တူကိုယ်တူပဲဆိုတာ တွေးနေတာ" ဆိုပြီး လူရိုးလေးဂျောင်ကုက ရိုးသားစွာဝန်ခံလိုက်တယ်
Hobi"မင်းကလဲကွာ "
Hobiအရှက်သည်းစွာ ဂုတ်ကိုလက်နဲ့ ခဏခဏပွတ်နေမိတယ်
JM"ဟားးးးး ဟားးးး hobiရှက်နေပြီ 😂😂 ဂျောင်ကု မစနဲ့တော့ မဟုတ်ရင် ဟိုဆော့ကြီးဒီမှာတင်
ဂုတ်ကြီး မီးတောက်လာတော့မယ်"
Jk"😂😂😂"ဒီလိုနဲ့ နေ့လည်စာထမင်းစားချိန်မို့ လူမရှိတဲ့သူတို့ရဲ့စာသင်ခန်းထဲမှာ သူတို့၃ယောက်ရဲ့အသံတွေသာ ပဲ့တင်ထပ်နေခဲ့တယ်
At night,
Jk JM Hobiတို့သုံးယောက် အိမ်ကနေထွက်လာခဲ့ကြတယ်
Jm"ဘာစားခဲ့ကြလဲ "
Jk, hobi"ဘာမှမစားရသေးဘူး ဗိုက်ကတော့အတော်ဆာနေပြီ ဟီးးး" ဆိုပြီး သူတို့ရဲ့စကားတွေဟာ တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာခဲ့ပြန်တယ်
JM"😂 မင်းတို့ အသံတွေတူနေပါလား😂😂😂"
ဒီတစ်ခါမှာတော့ ရှက်ပြီး ဂုတ်ကိုတစ်ဗျင်းဗျင်းပွတ်နေသူက ဂျောင်ကုသာ
Hobi"ဗိုက်ဆာနေပြီကွာ စားသောက်ဆိုင်အရင်သွားကြမယ် ပြီးမှ ဟန်မြစ်နားကိုသွားကြတာပေါ့"
Jk, JM" Ok"စားသောက်ဆိုင်ရောက်တော့ ဟိုဆော့က အစားအသောက်တွေမှာပြီး orange juice၃ခွက်ပါ ချပေးဖို့ ဝိတ်တာကောင်လေးကိုပြောလိုက်တယ်
အစားအသောက်တွေရောက်တော့ သူတို့ မျှမျှတတစားပြီး ပိုက်ဆံရှင်းကာ ဟန်မြစ်ဘေးသို့ ခရီးဆက်ခဲ့ကြတယ်Part 5မျှော် တစ်ရက်ထဲ နှစ်ပိုင်းတောင်upပေးတဲ့ သဲငယ်က လိမ္မာတယ်မလား
ကြယ်လေးတွေလဲ နှိပ်ခဲ့ကြအုံးနော်😗
YOU ARE READING
ချစ်ရသူမို့အပြစ်မမြင်ရက်ပါ
Romance"ကျွန်တော် ခင်ဗျားကိုသိပ်ချစ်တယ် min ကျေးဇူးပြု၍ ကျွန်တော့်ကိုမငြင်းပါနဲ့" ဂျွန်ဂျောင်ကု "ငါလည်းမင်းကိုသိပ်ချစ်တယ် ဂျွန် ကျေးဇူးပြု၍ ငါ့အနားမလာပါနဲ့" ပတ်ဂျီမင် "...