Part 18💜

205 15 2
                                    


မိဘမရှိတော့တဲ့ဘဝကို မိဘမဲ့တွေသာ ကိုယ်ချင်းစာနိုင်တယ်
ယွန်းဂီရဲ့ မိဘမဲ့ဘဝကိုတော့ ဘယ်သူမှကိုယ်ချင်းမစာနိုင်ပါ
အခုချိန်သူ့အနားမှာရှိနေသူက ဟိုဆော့နဲ့ဆူအင်း
နှစ်ယောက်သာ
တခြားသူတွေကရော ဘယ်မလဲ
အုပ်ထိန်းမှုမရှိတဲ့ Companyကိုရော ယွန်းဂီဘယ်သူ့ကိုအားကိုးပြီးထိန်းသိမ်းရမလဲ
မိဘတွေမရှိတော့တဲ့ ဒီနိုင်ငံမှာ ဘယ်လိုအခြေချပြီးနေရမလဲ
အခုရှိနေတဲ့ ထိုနှစ်ယောက်ကရော သူ့အနားတစ်သက်လုံးရှိပေးနိုင်မှာမလို့လား
တွေးရင်းသာ မျက်ဝန်းထဲကမျက်ရည်တွေက ပါးပြင်ပေါ်သို့ တိတ်တဆိတ်ကြွေကျသည်

Hobi"ထတော့ ယွန်းဂီ
မင်းထိုင်နေတာကြာပြီ မင်းကငိုနေရင် တမလွန်ကမိဘတွေမင်းအတွက်နဲ့ ရင်မအေးဖြစ်နေရမယ်"

Yg"မဟုတ်ဘူးမလား hobi
ငါ့မိဘတွေက မသေပါဘူး ခဏအိပ်နေတာ
လာ မေမေနဲ့ဖေဖေကိုသွားနှိုးရအောင်"

Hobi"မဖြစ်နိုင်တာမလုပ်နဲ့ မင်ယွန်းဂီ "
အော်လိုက်မိတဲ့ ပါးစပ်ကိုသာ ရိုက်ချင်မိသွားသည်
လူတွေက သူ‌တို့ကိုအလန့်တကြားလှည့်ကြည့်နေကြသည်
သူ့အော်သံကြောင့် ယွန်းဂီတိတ်ဆိတ်သွားသည်
မျက်ရည်များစွာကို လွှတ်ထုတ်လိုက်တဲ့ ယွန်းဂီကို ဟိုဆော့ အေးစက်စွာပြန်ကြည့်လိုက်တယ်
ဒီ‌ကလေး သူ့အခြေအနေတွေကို လက်မခံနိုင်သေးလို့ထင်ပါတယ် 
အနားရောက်လာတဲ့ဆူအင်းက စိတ်ပူစွာ
Soo-In"ဘာဖြစ်တာလဲ အကို"

Hobi"ရပါတယ် ဘာမှမဖြစ်ဘူး ညီမလေး"

Yg"မနေ့က ဘာလို့စာကြည့်ခန်းထဲမှာ မရှိနေတာလဲ"

Soo-In"အဲ့တာက......"

Yg"အင်း "

Hobi"အိမ်ရောက်မှဆက်ပြောကြ ဒီမှာ တခြားသူတွေရှိတယ် "
ယွန်းဂီဒေါသကိုသိတဲ့ ဟိုဆော့က အခြေအနေကုိ ဝင်ထိန်းမှ သားရဲတစ်ကောင်လိုစူးရှနေတဲ့မျက်ဝန်းတွေနဲ့ ဆူအင်းကိုကြည့်နေတဲ့ ယွန်းဂီရဲ့ မျက်လုံးတွေက အပြစ်မရှိတဲ့ ကလေးငယ်တစ်ယောက်လို ပြောင်းလဲသွားသည်

Yg"အင်း  အိမ်ရောက်ရင် စာကြည့်ခန်းမှာဆုံမယ်
ရောက်ရောက်ချင်း အခန်းထဲတောင်မဝင်ပဲလာပါ"

ချစ်ရသူမို့အပြစ်မမြင်ရက်ပါWhere stories live. Discover now