ဟီးးဟီးး ဟိုဟာလေးပြီးတော့လာupပေးတာ ဒါလည်းဖိဘက်ပေးရမှာနော် မဟုတ်ရင်မရေးပေးဘူး အေးအေးလေးပဲ့သွားမှာနော် မုန်တိုင်းကသိပ်မရှိပါဘူး 😁😁
vote 20 feedback 20
_____________________________
*Tu..Tu...Tu...*
အေးချမ်းလှတဲ့ အိမ်ငယ်လေးအတွင်းထမင်းဝိုင်းတစ်ခု၌ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တဲ့ဖုန်းသံတစ်ခု
"ခနလေး အလုပ်ကအရေးကြီးဖုန်းမလို့သွားပြောလိုက်အုန်းမယ်"
"သွားပြောလေမောင်"
ကိုကိုမသိဘူးများထင်လို့လားမောင်ရယ် ကိုကိုမြင်လိုက်ပါတယ်Noonaဆိုတဲ့အသဲပုံရံထားတဲ့contactကို တိတ်တိတ်လေးမောင့်နောက်ကိုလိုက်ကာမောင်ဖုန်းပြောနေသည်ကိုနားစွင့်နေမိသည် ခုနကအသံနှင့်မတူစွာ ပျော့ပျောင်းလွန်းသည့်မောင့်၏အသံ
"noonaဘာလို့ထမင်းမစားတာလဲ"
"......"
"ဗိုက်အောင့်နေတာလား"
"......"
"ကျနော်အခုပဲ့လာခဲ့မယ်"
"....."
"ဘိုင့် ချစ်တယ် ခနနေကျရင်တွေ့မယ်"
ပါးပြင်ပေါ်ကလိမ့်ကျလာတဲ့မျက်ရည်စတွေဖိသုတ်ကာ မောင်ဖုန်းပြောလို့ပြီးနေပြီမလို့ ထမင်းစားပွဲထဲ ဟန်မပျက်ထိုင်ကာ အပြုံးတုတို့ကိုဖန်တီးလိုက်သည် သိပ်မကြာလိုက်ထမင်းစားပွဲသို့ရောက်လာသည့်မောင်
"အလုပ်ကအရေးကြီးကိစ္စရှိလို့တဲ့ companyကိုခနသွားရမယ်"
"အင်း သွားလေမောင် အပြန်နောက်ကျမှာလား ကိုကိုစောင့်နေရအုန်းမလား"
"မစောင့်နဲ့တော့ ညနက်မယ်ထင်တယ် သွားပြီ"
"မောင် ည..ညစာ.."
"မစားရသေးဘူးလေ ဟင့်"
ပြောစကားတောင်နားမထောင်ပါပဲ အနောက်ကိုတစ်ချက်လှည့်မကြည့်ကာထွက်သွားခဲ့သည့်မောင် သူမကတကယ်ကိုအရေးကြီးနေတာပဲ့ ရင်နာရပါတယ် မောင်သစ္စာမရှိဘူး ဒါပေမယ့်မမုန်းခဲ့ဘူး မောင့်ဘက်ကပြေလျော့စပြုနေတဲ့ကြိုးကလေးကို ကိုကိုကအတင်းပြန်ဆွဲထားမှာ မောင့်ကိုသိပ်ချစ်လို့မောင်
YOU ARE READING
The Rope (compleded)
RomanceThe Rope (ကြိုးကလေး) လူနှစ်ဦးရဲ့ကြားကပက်သက်မှုကိုကြိုးကလေးတစ်ချောင်းနှင့်တင်စားသော် တစ်ဖက်ကအရမ်းတင်းမာလာလျှင်တစ်ဖက်ကလျော့ပေးမှ တစ်ဖက်ကအရမ်းလျော့လွန်းရင်လည်းတစ်ဖက်မှတင်းတင်းဆွဲထားမှသာ ထို ကြိုးလေးကခိုင်မြဲလိမ့်မည် တူညီသောသဘောထားမှုတွေနဲ့မှသံယောဇဥ်က...