part-10

1.8K 123 75
                                    

Unicode

>>>>>>>>>><<<<<<<<<<

အေးချမ်းစွာကျရောက်နေတဲ့လရောင်နဲ့အတူသွေးအေးရက်စက်ကာကြောက်မက်ဖွယ်ကောင်းလှတဲ့ရီသံတစ်ခု

"ဟားဟားဟားဟား.....Kim Taehyung Jeon Jungkook သိပ်အဆင်ပြေနေကြတယ်ပေါ့"

(ဒါဒါလေးပြောသလိုပဲ့နူနေတဲ့နာကြီးပါ😂)

"ဒါပေမယ့်ဘယ်လိုလုပ်မလဲ ငါကမရရအောင်ဖျက်စီးပစ်မှာမလို့လေ"

"kai!!!!"

"Nae မမလေး"

"ဒီနှစ်ကောင်ကိုမျက်ခြည်မပြတ်စောင့်ကြည့်ထား ဘယ်ကိုသွားတယ် ဘယ်နေရာမှာဘာလုပ်နေတယ်ဆိုတာအတိကျသိချင်တယ် ဒီနေ့အတွက်တော့တာဝန်ကျေတယ် မနက်ကျရင်အကောင်းဆုံအစီစဉ်တွေလုပ်လိုက်"

"Nae"

"သွားလို့ရပြီ"
.
.
.
.
.
.
.
"သိပ် သိပ် အဆင်ပြေနေတော့ ဘယ်ကြည့်လို့ကောင်းမလဲ hak!! ယုံကြည်မှုလွန်ကဲနေတဲ့မင်းကိုလည်းငါကောင်းကောင်းကြီးပညာပေးပြမယ်"

"Kim Taehyung မင်းကလည်းမွေးလာကတည်းကငါ့အပိုင်ပဲ့"

"ဒီဓာတ်ပုံတွေ စောက်ပုံမလာဘူး နေ့ရက်တိုင်းအဆင်ပြေနေမယ်လို့ထင်နေကြတာလားမသိဘူး အရူးကောင်တွေ"

"တကယ်ဆို ဒီလိုဖြစ်နေရမှာ ဟားဟား ဟက်"

တဟားဟားအော်ရီကာeditလုပ်ထားတဲ့သူနဲ့ထယ်ယောင်းရဲ့ဓာတ်ပုံကိုကြည့်ပြီး အဓိပ္ပါယ်ပါပါပြုံးလိုက်တဲ့သူမ ထိုအပြုံးထဲတွင်ကောက်ကျစ်မှုများစွာကနေရာယူလျက်

Time skip (At morning)

ဒီနေ့ထယ်ယောင်းတစ်ယောက်ဂျောင်ကုထက်အရင်စောစောနိုးနေမိသည် မျက်နှာမှအစခြေအဆုံးအပြစ်ပြောစရာမရှိသည့်အလှတို့နှင့်ပြည့်စုံနေသောဂျောင်ကုကိုကြည့်၍ထယ်ယောင်းအားနာစိတ်တို့တစိုးတစိဝင်လာခဲ့သည် နောင်တတရားသေးသေးလေးကမပါမဖြစ်

ကလေးငယ်တစ်ယောက်လိုအပြစ်ကင်းစင်စွာအိပ်စက်နေသည့်ကိုကို ပါးကိုဖိအိပ်ထားတာမလို့ စူထော်ကာ ပန်းနုရောင်သန်းနေသည့်နှုတ်ခမ်းသား အသဲယား၍တစ်ချက်စုပ်နမ်းပြီးကာမှ နိုးသွားလေပြီလားဟုပြန်ကြည့်တော့မနိုးသေးသည်မို့အမြန်ပင်ထကာရေချိုးခန်းသို့

The Rope (compleded)Where stories live. Discover now