ကိုယ်ယောင်လာပြတာ ပြီးရင်ပြန်ပျောက်မယ်
========$==========
အချိန်အားဖြင့်မနက်၆နာရီ ပုံမှန်ကျင့်သားရနေပြီဖြစ်တဲ့မျက်လုံးတို့ကပွင့်ကာ မျက်စိကစားမိတော့ တင်းကြပ်စွာအဖက်ခံထားရတဲ့ခန္ဓာကိုယ်
ကိုယ်ပေါ်မှလက်ကိုအဝေးသို့ပယ်လိုရာပယ်လိုငြားဖယ်ရှားပါသော်လည်း အားကြီးလွန်းသည့်မောင့်ကြောင့်နည်းနည်းမှမရွေ့ ဒီပုံစံအတိုင်းသာဆိုအလုပ်နောက်ကျတော့မှာပဲ့
လွန့်လူးသွားတဲ့မောင့်ရဲခန္ဓာကိုယ်ကြောင့်မျက်နှာထက်ဝယ်အပြုံးတို့ကဖြစ်ထွန်းလာရသည် ထိုအပြုံးကသိပ်ကြာရှည်မခံ တစ်ဖန်ပြန်ဖက်လာတဲ့လက်တွေအပြင် ခြေထောက်တွေပါခွတင်ထားသည်ကြောင့်လှုပ်လို့ပင်မရတော့ပေ အခုသူကဖက်လုံးဖြစ်နေတာလား
ခန္ဓာကိုယ်ကိုဘယ်ညာယိမ်းကာအတင်းရုန်းတော့ အိပ်ချင်မူးတူးအသံသြရှရှနှင့်
"အစောကြီးရှိသေးတာကို ပြန်အိပ် လှုပ်ရွမနေနဲ့ အိပ်လို့မရဘူး"
"ကိုကိုအလုပ်သွားရမယ်"
"အလုပ် အာ ဟူတ္သားပဲ့ မောင်လိုက်မယ် နေပါအုန်းအရင်နေ့တွေက ဒီအချိန်မထတတ်ပါဘူး"
"ဒီနေ့အလုပ်နောက်တစ်ခုထပ်စပ်ထားတာရလို့သွားလုပ်ရမှာ"
"အော အဲဆိုထေတာ့ ရေချိုးခန်းဝင်လိုက် မနက်စာပြင်ထားပေးမယ်"
"မောင်ကဆက်အိပ်လို့ရတယ်"
"တော်ပြီ ကိုကိုနဲ့အတူအလုပ်လိုက်မှာ ပြွတ်စ် Morning kissကိုကို"
"အင်း အင်း"
သူလည်းအိပ်ရာမှထကာရေချိုးခန်းသို့ သေချာသည်မောင်ကအိပ်ရာတွေသိမ်းကာမနက်စာသွားပြင်တော့မှာ
ရေချိုးခန်းကထွက်လာတော့သေသပ်စီရီနေတဲ့အိပ်ရာ ထိုအိပ်ရာထက်ဝယ် သူဝတ်ဖို့အဝတ်အစားတွေ သူလည်းထုတ်ပေးထားတဲ့အဝတ်တွေကိုဝတ်ကာအောက်ထပ်သို့
မွှေးပျံ့လာတဲ့ကော်ဖီနံ့သင်းသင်း ပြောစရာမလိုအောင်သူချစ်ရတဲ့မောင့်ရဲ့လက်ရာပေါ့ ကော်ဖီမကြိုက်တဲ့သူက အခုတော့သူ့အနမ်းတွေကြားကော်ဖီအရသာကိုယဉ်ပါးနေလေပြီလေ
YOU ARE READING
The Rope (compleded)
RomanceThe Rope (ကြိုးကလေး) လူနှစ်ဦးရဲ့ကြားကပက်သက်မှုကိုကြိုးကလေးတစ်ချောင်းနှင့်တင်စားသော် တစ်ဖက်ကအရမ်းတင်းမာလာလျှင်တစ်ဖက်ကလျော့ပေးမှ တစ်ဖက်ကအရမ်းလျော့လွန်းရင်လည်းတစ်ဖက်မှတင်းတင်းဆွဲထားမှသာ ထို ကြိုးလေးကခိုင်မြဲလိမ့်မည် တူညီသောသဘောထားမှုတွေနဲ့မှသံယောဇဥ်က...