updateနောက်ကျသွားလို့sorryပါနော်
vote-20 feedback 30
_______________________
မနက်လင်းတော့ အိပ်ရာမှအရင်ဆုံးနိုးသူကဂျောင်ကု မောင်ကသူ့ကိုရင်ခွင်ထဲထည့်အိပ်ထားတယ်ဆိုတဲ့အသိနဲ့ပျော်ရွှင်လို့မဆုံး တစ်ချိန်တည်းညကမောင်ညနက်မှပြန်လာလို့ Minheeဆိုတဲ့မိန်းကလေးကိုရော သူ့လိုပဲ့ရင်ခွင်ထဲထွေးပွေ့ခဲ့သေးတာလားဆိုတဲ့အသိကဝမ်းနည်းစေပြန်တယ်
"ဒီလိုလေးအမြဲတမ်းဖြစ်နေရင်သိပ်ကောင်းမှာပဲ့"
ဖက်ထားတဲ့လက်လေးကိုဖွဖွလေးဖယ်ရင်း အိပ်ပျော်နေတဲ့မောင့်မျက်နှာကိုကြည့်ကာ နဖူးပေါ်သို့အနမ်းဖွဖွခြွေမိတယ် ထို့နောက် ခြေလက်မျက်နှာသစ်ကာ မောင်နိုးလာရင်စားဖို့မနက်စာပြင်ရန်မီးဖိုခန်းသို့
မနက်စာပြင်နေတုန်းကြားလိုက်ရတဲ့ မောင့်အသံသြရှရှ
"နေလို့ကောင်းသွားပြီလား"
"အင်း သက်သာနေပြီမောင်"
"မနက်စာဘာလို့ပြင်ထားတာလဲ အပြင်မှာစားမှာ"
"ကိုကိုပြင်ထားတာ နည်းနည်းတော့စားလိုက်နော်"
"အင်း အင်း စားရင်ပြီးတာပဲ့မလား"
"ကိုကိုခပ်ပေးမယ်"
"ဖွီးးး ငန်တူးနေတာပဲ့ ဘယ်လိုချက်ထားတာလဲ ဒီလိုတွေကြောင့်ပဲ့အိမ်မှာမစားချင်တာ"
"ဟို ဟိုကိုကိုကနေသိပ်မကောင်းတော့ ပါးစပ်နည်းနည်းလေးပျက်နေလို့ အဲဒါ"
"နေမကောင်းရင်လည်းအစကတည်းကမချက်နဲ့လေ အခုတော့ အသုံးဆောင်တွေကုန်ရုံပဲ့အဖတ်တင်တယ် အလုပ်လုပ်ရတာဘယ်လောက်ပင်ပန်းတယ်မှတ်လဲ"
"ကိုကိုနောက်ထပ်ပြင်ပေးပါ့မယ်"
"တော်ပြီ မပြင်နဲ့တော့ ထပ်ပြင်ရင်လည်းဒီအရသာပဲ့ထွက်လာမှာ အပြင်မှာပဲ့စားတာကောင်းတယ် ကျစ်!! စိတ်ပျက်တယ်"
"မောင်...."
"ဒီစိတ်ပျက်စရာကောင်းတဲ့ဟင်းကိုခများတစ်ယောက်တည်းစား လာမကြွေးနဲ့ကျနော်ကို"
"အပြင်မှာကောင်းကောင်းစားခဲ့နော်မောင် ကိုကိုနေကောင်းမှသေချာချက်ကျွေးမယ်"
YOU ARE READING
The Rope (compleded)
RomanceThe Rope (ကြိုးကလေး) လူနှစ်ဦးရဲ့ကြားကပက်သက်မှုကိုကြိုးကလေးတစ်ချောင်းနှင့်တင်စားသော် တစ်ဖက်ကအရမ်းတင်းမာလာလျှင်တစ်ဖက်ကလျော့ပေးမှ တစ်ဖက်ကအရမ်းလျော့လွန်းရင်လည်းတစ်ဖက်မှတင်းတင်းဆွဲထားမှသာ ထို ကြိုးလေးကခိုင်မြဲလိမ့်မည် တူညီသောသဘောထားမှုတွေနဲ့မှသံယောဇဥ်က...