အခန်း - ၂၈ (U+Z)

1.7K 166 4
                                    

(unicode)

အခန်း - ၂၈

       မိဖုရားကြီးကိုယ်တိုင် စစ်တပ်ကို ဦးဆောင်မည်ဟူသော အသိကြောင့် နန်းမြို့တော်မှ စစ်သည်အင်အား အားလုံးက အနည်းငယ် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားကြသည်။ ထို့နောက်တွင် သူတို့က ပို၍လည်း စိုးထိတ်သွားကြသည်။ မိဖုရားကြီး၏ အကြောင်းကို သူတို့က အနည်းနှင့်အများ သိရှိထားသည်။ မိဖုရားကြီးသည် အာဏာတည်တံ့ရေးအတွက် အရာရာကို စွန့်လွှတ်ရဲသည်။ မာနတရားနှင့် ဒေါသတရားတို့က သူမ၏ မျက်နှာထက်၌ အမြဲတမ်း စီခြယ်၍ ထားသည်။ ယခုလည်း သူမက စစ်တပ်ကို မျက်လုံးနှင့် တစ်ချက် ဝေ့ဝိုက် ကြည့်လိုက်ပြီး စတင်၍ စီမံ ကွပ်ကဲလိုက်၏။

" ခြေလျင်တပ်က အရင်ဆုံး စွန်ရဲသဏ္ဍာန်ချီတက်မယ်၊ ပြီးတော့ မြှားစစ်တပ်က အနောက်ကနေ တစ်ဖက်ရန်သူကို ဖိအားပေးပါ "

" မိဖုရားကြီး ဒီလိုမျိူးတစ်ဖက်စစ်တပ်ကို စွန်ရဲသဏ္ဍာန် အတောင်ဖြန့်ပြီး တိုက်ခိုက်တဲ့အခါ တစ်ဖက်က ရှေ့တည့်တည့်ကနေ ထိုးစစ်ဆင်လာနိုင်ပါတယ် စဥ်းစားပါအုံး "

" သေနကအမတ် ဒီမိဖုရားရဲ့ အတွေးကို မင်းက လမ်းပြချင်တာလား "

" ဒီအမတ်က မဝံ့ပါဘူး "

        သေနကအမတ်ကြီးသည် မိဖုရားကြီး၏ ငေါက်ငမ်းလိုက်မှုကြောင့် ခေါင်းငုံ့၍ တိတ်ဆိတ် သွားသည်။ သူက နောက်ထပ်တစ်ကြိမ် မည်သည့်စကားကိုမျှ ဆိုလေခြင်း မရှိတော့ချေ။ မိဖုရားကြီး၏ အမိန့်အတိုင်း စစ်တပ်သည် စစ်မြေပြင်သို့ စွန်ရဲသဏ္ဍာန် အတောင်ဖြန့်၍ ချီတက်သွားသည်။ ထိုအခါ တစ်ဖက် စစ်တပ်သည် တြိဂံပုံစံအတိုင်း စစ်တပ်ကို ပြောင်းလဲလိုက်ပြီး စစ်မြေပြင်၌ နေရာတစ်ခုကို အခိုင်အမာ ခြေကုတ်ယူလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် စစ်တပ်နှစ်ခုက မိမိသားငယ်ကို ထွေးပွေ့ထားသည့်သဏ္ဍာန် ဖြစ်သွားသည်။ ထိုအချိန်တွင် မိဖုရားကြီးက မြှားစစ်တပ်ကို စတင်လှုပ်ရှားရန် အချက်ပြလိုက်သည်။

" စတော့... "

" အမိန့်အတိုင်းပါ... အားလုံးပဲ ကျားစစ်တပ်ကို သုတ်သင်လိုက် "

The Story Of A Prince (Complete - BL)Where stories live. Discover now