အခန်း - ၃၆ (U+Z)

1.5K 172 3
                                    

(Unicode)

အခန်း - ၃၆

     မာဂရတိုင်း...။ မာဂရတိုင်းသည် တောင်များ၊ မြစ်များ ခြံရံစွာ တည်ရှိနေသည့် တိုင်းပြည်ပင် ဖြစ်သည်။ တိုင်းပြည်၏ နေရာအသီးသီး၌ စိမ်းစိုနေသော တောအုပ်များတည်ရှိပြီး အမြဲတမ်းအတွက် သစ်လွင်နေသည့် တိုင်းပြည်ပင် ဖြစ်၏။

ထိုတိုင်းပြည်သည် သွားလာရန် အတွက်ရော၊ လမ်းပန်းဆက်သွယ်ရေး အရပါ ခက်ခဲသောကြောင့် အခြား တိုင်းပြည်များနှင့် စာလျှင် သီးခြား ဖြစ်တည်နေ​သော တိုင်းပြည်ပင် ဖြစ်သည်။ မာဂရတိုင်းပြည်၏ ပြည့်ရှင် အဂ္ဂသူတွင် သားတော်တစ်ပါးသာ ရှိသည်။ မာဂရတိုင်းသည် တစ်နည်းအားဖြင့် သစ္စာတရားကို တန်ဖိုးထားသော တိုင်းပြည်ပင် ဖြစ်သည်။

        မာဂရတိုင်းပြည်၏ ပြည့်ရှင်ဘုရင် အဂ္ဂသူတွင် မိဖုရား တစ်ပါးသာလျှင် ရှိပြီး ထိုမိဖုရားတစ်ပါးကိုသာ ချစ်ကြည်စွာ ပေါင်းသင်းသည်။ အခြားခြားသော မိဖုရားများ ထားရှိခြင်းမရှိဘဲ မိဖုရားခေါင် တစ်ပါးသာ လျှင် ရှိ၏။ သို့သော် ကိုယ်လုပ်တော်များသည်တော့ များစွာ ရှိလေ၏။ တိုင်းပြည်၏ ရေမြေ့သခင်ဖြစ်သူ အဂ္ဂသူကိုယ်တော်တိုင်က မိဖုရား တစ်ပါးသာ ထားရှိသည့်အတွက်ကြောင့် ယင်းတိုင်းပြည်အတွင်း နေထိုင်ကြသော တိုင်းသူပြည်သား အားလုံးသည်လည်း မိန်းမတစ်ယောက်သာ ယူခွင့်ရှိသည်။

တစ်နည်းအားဖြင့်ဆိုသော် မာဂတိုင်းပြည်သည် တစ်လင် တစ်မယားစနစ်ကိုသာ ကျင့်သုံးသည့် တိုင်းပြည်ပင် ဖြစ်လေသည်။

        ထို့အတွက်ကြောင့် မာဂရတိုင်းပြည်၏ ကြီးလေးသော အပြစ်မှာ ဖောက်ပြန်ခြင်း အပြစ်ပင် ဖြစ်သည်။ ယောကျ်ားတစ်ဦး (သို့မဟုတ်) မိန်းမတစ်ဦးက အိမ်ထောင်ရှိလျက်နှင့် အခြားသော သူနှင့် ဖောက်ပြန်ပါက ထိုသူသည် ချွင်းချက်မရှိ သေဒဏ်ကျခံရမည်ဖြစ်သည်။ ထိုပြစ်ဒဏ်သည် မင်းဆွေမင်းမျိုးနှင့် မင်းညီမင်းသားများပင် လွတ်မြောက်ခွင့်မရှိသော ကြီးလေးသည့် အပြစ်ဒဏ်ပင် ဖြစ်၏။

ထိုပြစ်ဒဏ်ကို ကြပ်မတ်စွာ ပြဌာန်းထားသည့်အတွက်ကြောင့် တိုင်းငယ်၊ ပြည်ရွာ၊ ဇနပုဒ်မကျန် တိုင်းသူပြည်သားအားလုံးက ထိုအပြစ်ကို ကျူးလွန်ရဲခြင်း မရှိကြပေ။ ဒုတိယအနေဖြင့် အကြီးလေးလုံး ပြစ်ဒဏ်သည် ခိုးမှုပင်ဖြစ်သည်။ လူတစ်ယောက်က အခြား သူ၏ ပစ္စည်းကို ခိုးယူမိပါက ဘယ်ဘက်လက် အဖြတ်ခံရပေမည်။

The Story Of A Prince (Complete - BL)Onde histórias criam vida. Descubra agora