Unicode
ပန်းကန်ကိုလွှတ်ချကာ မသိဟန်ဆောင်ကာ အားနာဟန်လေးနှင့် ရှင်းနာကိုပြုံးပြလိုက်သည်။
"အယ် Sorry မမလက်ချော်သွားလို့"
အင်တင်တင်နဲ့သာ ရှင်းနာနင်သွားသည်။ သို့ပေမဲ့ သူမရဲ့ဖြူစင်သောပုံရိပ်ကိုထိန်းကာ ခေါင်းညိတ်ပြလိုက်သည်။ ဒါပေမဲ့ ရှင်းနာရဲ့အမေက အသံအကျယ်ကြီးနဲ့
ပြဇာတ်ဝင်ကတော့သည်။"သမီး ဆိုဟွားရယ် ရှင်းနာနဲ့မယ်မယ့်ကိုမကြိုက်တာသိပေမဲ့ ဒီလိုလူကြားထဲမှာတော့ ဒီလိုကြီးအရှက်မခွဲပါနဲ့လား အဟင့်"
ထိုချိန်ကျမှ ရှင်းနာကမျက်နှာငယ်လေးနဲ့ ဇာတ်ပို့ဝင်လုပ်တော့သည်။
"မယ်မယ်ရယ် မမတကယ်လွတ်ကျသွားတာနေမှာပါ"
ထိုးသားမိကိုကြည့်ကာ မျက်ခုံးပင့်လျက်ပင်။ အကြောင်းမသိသော ပွဲလာကြည့်သူများကလည်း ဆိုဟွားကို တီးတိုးစွာအတင်းပြောတော့သည်။ ထိုစဥ် ဘုရင်ရောက်လာသည်။ တစ်နည်းအားဖြင့် ဆိုဟွား၏ဖခင်။
"သမီးတော် ဘာဖြစ်တာလဲ"
မေးတာက ဆိုဟွားကိုဆိုပေမဲ့ ရှင်းနာကအလုအယှက်ဝင်ပြောသည်။
"သမီးပေးတဲ့မုန့်ကို မမကမစားချင်ဘူးဆိုဘူး လွှင့်ပစ်လိုက်လို့ပါ။ ဒါပေမဲ့ သမီးစိတ်မဆိုးပါဘူး။ ဖခမည်းတော် မမကိုအပြစ်မပေးပါနဲ့"
အကယ်၍ ဆိုဟွားကိုအပြစ်မပေးဘူးဆိုလျှင် လူဘုံလယ်အကြားမှာ ဘတ်လိုက်တက်သည့်ဘုရင်၊ သမီးကိုမနိုင်သည့်ဘုရင်ဆိုပြီး သူသိက္ခာကျလိမ့်မည်။
ဆိုဟွားကိုအပြစ်ပေးပြန်ရင်လည်း သူ့သမီးက လူဘုံလယ်အကြား အရှက်ကွဲအုံးမည်။ သူဘာလုပ်ရမှန်းမသိဖြစ်နေချိန် အသံတစ်သံကျယ်လောင်စွာထွက်လာသည်။"အရှင်မင်းကြီး မတွေ့ရတာကြာပြီ။ နေမှကောင်းပါလေစ။"
ထိုအသံကတော့ သူနှင့်တန်းတူအင်အားကြီးသည့်လီတိုင်းပြည်က ဘုရင်ကြီးပင်။
"ကျန်းမာပါတယ်။ လီမင်းကြီးရော် အခြေအနေ"
"ကောင်းမှကောင်း။ ဒါနဲ့စကားမစပ် ခင်ဗျားကလျိုတယ်နော်"
YOU ARE READING
Rebirth Of So Hwar (Completed)
Historical FictionUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...