Unicode
ဆိုဟွားလွှတ်လိုက်သည့်အစောင့်က ဆိုးဟွား၏အရိပ်ကိုယ်ရံတော်တွေထဲကတစ်ဦးဖြစ်သည်။ ဆူမင်နှင့်ရှင်းနာတို့၏အကြံကိုရိပ်မိသည်မလို့ အစကတည်းက သူမဘက်ကလည်းကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
ရင်ခွင်ထဲတွင်အိပ်ပျော်နေသော ဟာလီကိုငုံ့ကြည့်ပြီး မြတ်နိုးမှုတို့ကအတိုင်းဆမဲ့။
"မင်းကိုဘယ်သူမှလက်ဖျားနဲ့တောင် မထိစေရဘူး မမကကာကွယ်ပေးမှာမလို့ပဲ!!"
နောက်တစ်နေ့မနက်ခင်း ဝေလီဝေလင်းမှာ ထပ်ပြီးဆူညံ့သံတွေနဲ့ဖုံးလွှမ်းနေပြန်သည်။ အကြောင်းမှာ အစေခံသေသည့်ကိစ္စနှင့်ပတ်သက်၍ တရားခံအစစ်ဖမ်းမိခြင်းကြောင့်ဖြစ်သည်။
လက်ပြန်ကြိုးတုပ်ခံထားရသော ရှင်းနာမှာ ယခုအထိသူဖမ်းခံထားရသည်ဆိုတာကို မယုံမကြည်ဖြစ်နေဆဲပင်။
"ခမည်းတော် ချောက်ချခံရတာပါ။ သမီးတော် ဒီကိစ္စနဲ့ပတ်သက်ပြီး တကယ်ကိုဘာမှမသိပါဘူး"
"တော်တော့!! ဒီလောက်သက်သေတွေနဲ့ မျက်မြင်သက်သေတွေရှိနေတာကို ဘာလိမ်ချင်သေးတာလဲ! ယောကျာ်းတစ်ယောက်အတွက်နဲ့များ ကိုယ့်သွေးသားရင်းကို သစ္စာဖောက်ရဲတယ်ပေါ့! ဟမ်!!"
ရှင်းနာ၏ဘေးတွင် အလားတူစွာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသော ဆူမင်ကိုကြည့်ကာပြောလိုက်သည်။
ယခုအချိန်ထိ ဆူမင်ကရူပ်ထွေးနေဆဲပင်။ အစီစဥ်အားလုံးအောင်မြင်ခံနီးမှ ဘယ်က သက်သေတွေ မျက်မြင်သက်သေတွေကရောက်လာတာလဲ! မဟုတ်မှ..ဆိုးဟွားရိပ်မိသွားခဲ့တာလား..?
အခုချိန်မှာ ဆိုဟွားကိုသာမျက်နှာချင်းဆိုင်ပြီး မေးလိုက်ချင်သည်။ တိုက်ဆိုင်စွာပင် ဟောခန်းထဲကို ကျက်သရေရှိလှစွာသော ခြေလှမ်းများနှင့်အတူ ဆိုးဟွာနှင့်ဟာလီ လျှောက်လှမ်းလာခဲ့သည်။
"ခစားပါတယ် ခမည်းတော်"
"ခစားပါတယ် မင်းကြီး"
"အဖြစ်အျက်အလုံးစုံကိုလျှောက်တင်စေ"
"ဟုတ်ကဲ့ပါ ခမည်းတော်။ သမီးတော်ဘေးကရပ်နေသည့် ဟာလီမှာ သစ္စာဖောက်မဟုတ်ပဲ လီနိုင်ငံရဲ့အဖိုးတန်မင်းသမီးလေးဖြစ်ကြောင်းပါ။ အဲ့လိုမင်းသမီးလေးတစ်ပါးက အစေခံကိုအကြောင်းမရှိပဲသတ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ခမည်းတော်လက်ဆောင်ပေးထားသည့် အရိပ်ကိုယ်ရံတော်ကို ရှင်းနာနဲ့ဆူမင်အခန်းကို အင်အားသုံးပြီးရှာဖွေခဲ့ခြင်းဖြစ်ပါသည်"
YOU ARE READING
Rebirth Of So Hwar (Completed)
Historical FictionUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...