Unicode
နေပြန်ကောင်းလာပြီနောက် အပြောင်းအလဲကြီးပြောင်းလဲသွားတဲ့ ဆိုဟွားကိုကြည့်ရင်း အားလုံးကခံစားချက်ကိုယ်စီဖြစ်နေကြသည်။
တစ်ချို့က ဆိုဟွားစာကြိုးစားပြီး စာတော်လို့မကြိုက်တဲ့ခံစားချက်မျိုး။ လှပတဲ့မျက်နှာကလေးကို အလှများစွာနဲ့ခြယ်သထားလို့ လှသွေးကြွယ်လို့ မနာလိုကြသည့်သူများကတစ်ဖုံနှင့် မိန်းကလေးထုကြီး၏ ရန်လိုခြင်းကိုအကြောင်းမဲ့ခံနေရရှာသည်။အရင်က ဘယ်ကောင်လေးမှ စေ့စပ်ကြောင်းလှမ်းမလုပ်ကြပေမဲ့ အခုဆို အောင်သွယ်တော်များကတစ်ဆင့်သော်လည်းကောင်း လူကိုယ်တိုင်သော်လည်းကောင်း မိဘများနဲ့သော်လည်းကောင်း အမျိုးမျိုးကို စေ့စပ်နေကြသည်။
"မမရဲ့ဂုဏ်သတင်းကလေ ဒီတိုင်းပြည့်အပြင် ဟိုးဘက်တိုင်းပြည်တွေထိတောင် နာမည်ကြီးနေတာ"
"ဟုတ်လား ဘာအကြောင်းတွေပါလိမ့်? မမကိုပြောပြပါအုံး"
သတင်းများတစ်ခုမကျန်သိသော်ငြား ချစ်ရသူ၏အသံချိုချိုကိုကြားချင်တာမလို့ မသိဟန်ဆောင်ကာမေးလိုက်သည်။
"မမ ဘယ်လောက်လှကြောင်း၊ တောကြောင်း၊ရဲရင့်ကြောင်းတွေပေါ့ မမရယ်"
"ဟုတ်လား ဟာလီလေးကရော် မမလှတယ်လို့ထင်လား"
"ဒါပေါ့ မမက ကမ္ဘာပေါ်မှအလှဆုံးပဲ"
"ဟ ဟ ဟုတ်ပါပြီ"
"ဒါနဲ့လေ မမ သဘက်ခါဆိုရင် တိုင်းပြည်ပေါင်းစုံ ညစာစားပွဲရှိတယ်ဆို"
"အင်း"
"မမကိုအလှဆုံးဖြစ်အောင် ဟာလီပြင်ပေးမယ်"
"တကယ် ကောင်းပြီ။ ဟာလီလေးကိုပဲ အပ်လိုက်မယ်"
တစ်နေ့နဲ့တစ်နေ့ ဆိုဟွားနဲ့ဟာလီတို့ရဲ့ ခင်မင်မှုကတစ်စတစ်စတိုးလာသလို ဆိုဟွားရဲ့ ဟာလီကိုချစ်သည့်စိတ်ကလည်း တစ်နေ့တစ်ခြား ပိုတိုးလာသည်။
"မေမေ ဘယ်လိုလုပ်ကြမလဲ အဲ့ဟာမက အရင်လိုမဟုတ်တော့ဘူး လွယ်လွယ်နဲ့လှည့်စားလို့မရတော့ဘူး"
"မစိုးရိမ်နဲ့ မေ့သမီးငယ်။ အမေ့မှ အစီစဥ်ရှိပါတယ်။"
"ဘာ အစီအစဉ်လဲ မေမေ"
VOUS LISEZ
Rebirth Of So Hwar (Completed)
Fiction HistoriqueUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...