ဟာလီ၏သရုပ်မှန်

776 112 0
                                    

Unicode

မနက်ခင်းစောစောစီးစီး နန်းတော်ထဲတွင်ပွတ်လောရိုက်နေသည်။ အကြောင်းမှာ အစေခံတစ်ယောက်သေဆုံးနေခြင်းကြောင့်ဖြစ်သည်။
ထိုအစေခံရဲ့ သခင်ကတော့ရှင်းနာဖြစ်သည်။ လက်ကိုင်ပုဝါကလေးနဲ့ တရူံ့ရူံ့ငိုနေသည့် ရှင်းနာမှာ အလွန်သနားဖွယ်ကောင်းသည်။

ရှင်းနာ၏ သရုပ်မှန်ကိုမည်သူမှ မသိတာမို့ ရှင်းနာကိုအားလုံးကချစ်ခင်တွယ်တာသည်။ မင်းကြီး၏မျက်နှာမှာလည်း အလွန်ဒေါသထွက်လျက်ရှိသည်။

"ဒီကိစ္စကိုဘယ်သူလုပ်တာလဲ စုံစမ်းစမ်း! ငါအုပ်ချုပ်နေတဲ့ တိုင်းပြည်ကတောင်ငြိမ်းချန်းသာယာနေတာကို ငါ့ဝန်းထဲမှာမှ ပြသာနာဖြစ်ရသလား! ကိုယ့်ဘာသာဝန်မခံရင် ပြစ်ဒဏ်နှစ်ဆဆိုတာမမေ့နဲ့!"

"ခမည်းတော် သမီးတော် စိုးရွံ့မိပေမဲ့ လျှောက်တင်ပါရစေ"

"လျှောက်တင်စေ"

"ညက မိန်းစံ နဲ့ ဟာလီကိုတွေ့လိုက်တဲ့သူရှိပါတယ်။ ပြီးတော့ သူပြောတာက ဟာလီကသူလျိုပါတဲ့"

"ဘာ! ဟာလီကဘယ္သူလဲ"

"ဟာလီက ဆိုဟွားရဲ့ အေစခံပါ"

"ခေါ်စမ်း!"

"ဟုတ်ကဲ့ပါ။ ခမည်းတော်"

ရှင်းနာအချက်ပြလိုက်သည်နှင့် အစေခံတစ်ယောက်က ဆိုဟွားနှင့်ဟာလီကိုပြေးခေါ်လေသည်။
ဆိုဟြား နှင့် ဟာလီက ဘာမှမသိတာမို့ ခေါ်ရာကိုသာလိုက်လာရသည်။

"ဟာလီ မင်းမနေ့ညက မိန်းစံနဲ့ရှိနေတာအမှန်လား"

"မဟုတ်ပါဘူး။ ဟာလီက သခင်မလေးနဲ့ရှိနေတာပါ"

"မညာနဲ့ ငါကိုယ်တိုင်မြင်ခဲ့တာ"

ရှင်းနာကဝင်ပြောသည်။

"နင် ဟိုဘက်တိုင်းပြည်ကဘုရင်နဲ့ စကားရပ်ပြောနေတာကိုငါတွေ့ခဲ့တယ်။ အဲ့ဘုရင်ကြီးကအခုချိန်မှာငါတို့နဲ့တည့်နေတာဆိုပေမဲ့ လွန်ခဲ့တဲ့နှစ်တွေတုန်းကရန်သူပဲ! ဘယ္သူသိမလဲ အဲ့ဘုရင်ကနင့်ကိုသူလျိုအဖြစ်ထည့်ထားတယ်ဆိုတာ!"

ဆိုဟွားမှာရိပ်မိသွားသည်။ ဒီအကြံကဆူမင်အကြံဆိုတာ။ သို့ပေမဲ့ ဆတ်ဆတ်ကြဲ ဟာလီကဘာမပြောတာမို့ ဆိုဟွားငိုင်သွားသည်။

Rebirth Of So Hwar (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ