Unicode
အစေခံ ကင်ရီရဲ့အဖြစ်အပျက်ဟာ ဟိုးလေးတကျော်ဖြစ်ခဲ့ပြန်သည်။
ထုံးစံအတိုင်း ဆိုဟွားဟာ ဆိုးသွမ်းတဲ့သခင်မလေးတစ်ဦးအဖြစ် လူတွေ ရဲ့ရူံ့ချခြင်းခံရသည်။"မမကို လူတွေကအကြင်နာတရားမရှိ ထင်ရာစိုင်းနေတဲ့ အမိူက်မ တဲ့"
ဟာလီ ရဲ့မခံချင်စိတ်အပြည့်ပြောနေတဲ့ စကားဟာ ဆိုးဟွားအတွက်အချစ်တွေပိုနေရတော့သည်။
"အို အဲ့လိုပြောနေကြတာလား ဟာလီကရော် ဘယ်လိုထင်လဲ"
"မမက တကယ်ချစ်စရာကောင်းတယ်။ ပြီးတော့ အကြောင်းပြချက်မရှိပဲ ဒီလိုလုပ်မှာမဟုတ်ဘူး ဘာလို့ဆိုမမလေးက ခြင်တစ်ကောင်တောင်သတ်ရဲတာမှမဟုတ်တာ ဟာလီကတော့လေ မမကိုယုံတယ်"
"မိုက်မဲလိုက်တဲ့ကောင်မလေး"
ဆိုဟွားဟာ သဘောတကျရယ်သာရယ်နေလိုက်တော့တယ်။
ဆိုဟွားရဲ့ရယ်သံကို ဖြိုခွင်းလိုက်သူကတော့ သူမ၏ညီမဝမ်းကွဲ ရှင်းနာ ပင်။
"မမ ဘာလို့ ကင်ရီကို ရောင်းစားလိုက်တာလဲ! ! "
'ဖြန်း'
"နင်ဘာလို့ ငါ့ကိုအော်ပြောနေတာလဲ နင့်မှာယဉ်ကျေးမှုအဆင့်အတန်းလေးတောင် မရှိတော့ဘူးလား နင့် မယ်မယ်ကနင့်ကို
ဘာတွေသင်ပေးနေသလဲ?"ရှင်းနာ နှင့် သူမနောက်လိုက်များက ခတ္တခဏ ကြောင်သွားသည်။ နောက်မှသတိပြန်ဝင်လာကာ
"မမ ရှင်းနာကိုရိုက်တယ်"
"ဟုတ်တယ် ရိုက်တယ် အေး အဲ့ဒါ နင့်ကိုသင်ပေးနေတာပဲ ဘုရားကျောင်းဝန်းထဲမှာ တစ်ပတ်ဘုရားစာကူးရင်း ကိုယ့်အပြစ်ကို ဆင်ခြင်နေစမ်း"
"ရှင်! မမ ဒီလိုလုပ်လို့မရဘူးနော်! "
"လုပ်လို့ရလို့လုပ်လိုက်ပြီလေ အခုထိမသွားသေးဘူးလား အပြင်ကအစောင့်တွေဘာလုပ်နေတာလဲ လာဆွဲထုတ်သွားစမ်း! "
ရှင်းနာ ကိုဆွဲထုတ်သွားကြတာတောင်မှ ဆိုးဟွားရဲ့အကြည့်က ရှင်းနာရဲ့ဝမ်းဗိုက်ကမခွာ။
ငါ့ရဲ့သနားစရာကောင်းလိုက်တဲ့ကလေး....။
ဆိုဟွားရဲ့ကြေကွဲဖွယ် အကြည့်တွေကို ဖမ်းမိလိုက်သူမှာ ဟာလီ။
BẠN ĐANG ĐỌC
Rebirth Of So Hwar (Completed)
Tiểu thuyết Lịch sửUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...