Unicode
ကုတင်ပေါ်မှာမလူပ်မယှက်အိပ်နေတဲ့ကလေးလေးတစ်ယောက်ရှိသည်။
အသားအရည်ဟာနှင်းလိုဖြူဖွေနေပြီး ချစ်စရာအလွန်ကောင်းသည်။
သူမဘေးနားမှာတော့စိုးရိမ်သောလူအများရှိသည်။သူမမျက်လုံးပွင့်လာသည်။
ယောကျာ်းကြီးတစ်ဦးမှ"သခင်မလေးနိုးလာပါပြီ"
"မင်းသမီးလေး နိုးပြီလား"
သူမဝေခွဲမရတဲ့အကြည့်တွေနဲ့ သူ့ရှေ့ကလူတွေကိုကြည့်နေတယ်။
ငါသေသွားပြီမလား ဘာလို့အသံတွေကြားနေရတာလဲ
ငါ..ငါ..မဟုတ်မှလွဲရော် ပြန်မွေးဖွားလာတာလား?
ဟား..ဟား...ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့်ဒုတိယအခွင့်အရေးပေးခဲ့တယ် အရင်ကလိုအမှားမျိုး ငါဘယ်တော့မှလုပ်မှာမဟုတ်ဘူး!!သူမချက်ချင်းမှတ်မိလိုက်သည်။သူမ၁၁နှစ်သမီးအရွယ်ကအပြင်းအထန်ဖျားခဲ့သည်။
ထိုအဖျားကိုရိုးရိုးအဖျားလို့သာသိကြသည်။မည်သူမှသူမအဆိပ်သင့်ခဲ့တယ်ဆိုတာမသိ။သူမအခုအခြေအနေကိုအတည်ပြုရမယ်။
ဒါကြောင့်သူမရဲ့အစေခံကိုခေါ်လိုက်တယ်။"ဟာလီ(Har Li) မှန်ယူခဲ့"
"ဟုတ်ကဲ့ပါ သခင်မလေး"
ဟာလီဆိုတာက သူမရဲ့သစ္စာအရှိဆုံးအစေခံဖြစ်သည်။
သူမကိုလူတွေသတ်ဖို့လိုက်နေချိန် ဟာလီ တစ်ယောက်သာ သူမဘက်မှာရှိပြီး သူမထွက်ပြေးလို့ရအောင်ကူညီခဲ့သည်။
ဟာလီကတော့ထိုလူယုတ်မတို့၏လက်ချက်ကြောင့်သေခဲ့သည်။သူမ ဟာလီ ယူလာတဲ့မှန်ကိုကြည့်လိုက်သည်။
အိုး!!သူမတကယ်ကိုမွေးဖွားလာတာပဲ သူမအခု အသက်၁၄နှစ်အရွယ်ကိုရောက်နေတာဖြစ်သည်။"ငါပြန်မွေးဖွားလာတယ် ! ငါ့ကိုဘုရားကလျစ်လျူမရူထားဘူးပဲ ငါသေချာပေါက်လက်စားချေမယ်!!"
"သခင်မလေး ဘာဖြစ်လို့လဲ?"
ဟာလီ တစ်ယောက်ထိတ်လန့်သွားသည်။ သူမရဲ့သခင်မလေးဆီကလူသတ်ချင်တဲ့အငွေ့အသက်တွေရနေတယ်။သူမဆီကအေးစက်တဲ့အရောင်အဝါတွေထွက်နေသလိုပဲ။
YOU ARE READING
Rebirth Of So Hwar (Completed)
Historical FictionUnicode ငါ့ကိုဘုရားသခင်ကပြန်လည်မွေးဖွားခြင်းဖြင့် ဒုတိယအခွင့်အရေးပေးလိုက်တယ် ။ ငါပြန်မွေးဖွားလာတဲ့အချိန်မှာ ဘယ်သူ့ကိုမှ တူညီတဲ့ကောက်ကျစ်မူမျိုး ငါ့ကိုမကြံနိုင်အောင် ငါကြိုးစားမယ် ပထမတစ်ခါငါခံစားခဲ့ရသလို နင်တို့တွေ ဆယ်ဆမက ပြန်ခံစားစေရမယ် !! ငါ့ကိုအသက...