8..

855 66 5
                                    

"Jane ...

"Janeကိုယ်ခေါ်နေတယ်လေ

"ဘာလဲ

"ရေ့ာ ရေခဲမုန့်စားချင်လို့ဆို

ဆူပုတ်ပီး ပါးဖောင်းထားတဲ့ ပုံစံလေးက တကယ်ကို ကလေးလေးလို janeက ဒီလို ချစ်စရာကောင်းတာမျိုးလဲ ရတာဖဲလား။ လက်ကိုပိုက်ပီး ကျမနဲ့ဆန့်ကျင်ရာ အရပ်ကို မျက်နှာ မူထားပုံက သမီးရည်းစား စိတ်ကောက်နေသလိုမျိုး

"အန်တီ

"အင်ဟင်

"မမဂျီဆူးနဲ့က ချစ်သူတွေလား

"ဟောတော် janeမလွန်ဖူးလား

"ဘာလို့

"ဂျီဂျီက ကိုယ့်ထက်အသက်ကြီးတယ်လေ သူ့ကိုကျ မမ ခေါ်ပီး ကိုယ့်ကျ အန်တီတဲ့လား

"အာ သိဖူး မေးတာဖဲဖြေ ချစ်သူတွေလားလို့

"အခုချိန်ထိ ကိုယ်တို့လဲ အတည်မပြုရသေးဖူး ကိုယ်တွေပူနေသေးတာဖဲ။ ‌ဆရာ၀န်ခေါ်ရမယ်

"ဟင့်အင်

"ဘာလို့

"ဆေးမထိုးချင်ဖူး

"မရ

"ဟင့်အင်ဟင့်အင် မထိုးဖူးနော် ဒီနေ့ အန်တီအနားမှာ ရှိပေးရင် ကောင်းသွားမှာ

"ဘာဆိုင်လို့လဲ

"မသိဖူး မယုံရင် ညနေထိ စောင့်

ဘာလို့အ့ာစကား ပြောမိရတာလဲ ။ ကျမ တကယ် အတိတ်မေ့နေလား ဆိုတာလား။ဟင့်အင် မမေ့ပါဖူး သိတယ် ကျမအကုန်သိတယ်။ ချယ်က  နေစေချင်ပုံစံမျိုး။ချယ် ဘာတွေတွေးနေမှန်းမသိပေမဲ့ ဂျန် လီလီဆီက ပိုက်ဆံယူရမယ်။ လီလီဟာ straightမဟုတ်တာ သိရတဲ့နောက်ပိုင်း ကျမ စနိုက်ကြော်သင့်လဲ ကြော်ရမယ်မလား။။

"ကိုယ်ရေချိုး အုန်းမယ်

"အင်း သီချင်းတွေအကျယ်ကြီး အော်မဆိုနဲ့

၂၈နှစ်အရွယ် လူကြီးတယောက်ရဲ့ မျက်စောင်းက ဒီလောက်ထိရင်ခုန်ဖို့ကောင်းတယ်လား

လီဆာမာနိုဘန်🤫စိတ်၀င်စားဖို့ ကောင်းတယ်။ အိပ်ယာဘေးက အတန်းမှာ ကင်မရာတွေဟာစုံလင်နေရော သိပ်လှတဲ့ရှူခင်းတွေရိုက်ထားတဲ့ ဓာတ်ပုံတွေ။ ကြောင်‌ပုံလေးတွေ ။ တခါတရံ အထီးကျန်တယ်လို့ခံစားရစေတဲ့ ဒီပန်းချီတွေ။လီလီဟာ နာကျင်စရာတွေကို
ထုတ်မပြတဲ့ပုံစံမျိုးလို့ကျမထင်တယ်။
အပြင်က လာရင် စမတ်ကျတဲ့ ဂါ၀န်ရှည်တွေနဲ့ ရောက်လာပေမဲ့ ဒီအိမ်က သူ့ဗီဒိုမှာတေ့ာ တီရှပ် ဟူဒီနဲ့ ဘောင်းဘီရှည် တို တွေသာရှိတယ်။ ပေါ့ပေါ့ပါးပါးနဲ့ လုံး၀ကိုfreshဖြစ်သွားစေတဲ့ မျက်နှာမျိုးကို သူမ ရေချိုးပီးတဲ့အခါမှာတွေ့ရတယ်။စက်ဘီးစီးထွက်တဲ့ သူမကြောင့် နောက်ရက်ကျ ကျမစက်ဘီးစီးသင်ဖို့အလုပ်တိုးလာခဲ့တယ်ပေါ့။နီးစပ်ပီဆိုတဲ့အနေထားရောက်မှ ချယ်ကိုဆက်သွယ်ရမယ်။မဒမ်ကိုဂရုစိုက်ဖို့ဖဲတွေးပီး ဂျန်ကို မေ့နေပြန်ပီလား ချယ်။

JaneWhere stories live. Discover now