"စောင့်နေတာ ကြာပီလား ဂျန်
"ဟင့်အင် အဆင်ပြေရဲ့လား
"ဟူးးးမပြေဖူး
"ဘယ်လိုလုပ်မှာလဲ
"ငါလဲမသိဖူးဂျန် ဘာလုပ်ရမယ်မသိတေ့ာဖူး
ဆေးလိပ် တလိပ်ရဲ့ အခိုးအငွေ့ကို နူတ်ဖျားက ထုတ်ဟလိုက်တယ်။ မှုတ်ထုတ်လိုက်တဲ့ အငွေ့ထဲမှာ
စိတ်ညစ်စရာတွေ ပါသွားရင် ကောင်းမယ်။စီးပွားရေးတွေ အိမ်မှုကိစ္စတွေ ဟိုးအမြင့်ကြီးမှာ နေခဲ့ပီးမှ ထိုးကျသွားတဲ့ခံစားချက်ကို သိလား။ ဘော်ကျေ့ာနေလာခဲ့တဲ့သူမို့ ဘာမှမလုပ်တတ်မကိုင်တတ်။ကိုယ့်၀မ်းကို တစ်ယောက်ထဲကြောင်းဖို့ ၁၂နှစ်ဆိုတာ တကယ်ငယ်လွန်းခဲ့တယ်မလား။
နူးနူးညံ့ညံ့မိန်းကလေး ဘ၀က အတိတ်မှာ ကျန်ခဲ့တယ်။ဆွေမျိုးရင်းချာဖြစ်တဲ့ဦးလေးလုပ်သူက အခွင့်ကောင်းယူပီး စီးပွားရေးတွေ သိမ်းလိုက်တဲ့အပြင် ဩဇီကိုပို့ပီး စွန့်ပစ်ခံ လူတန်းစားဘ၀ကိုရောက်စေတယ်။ဘ၀ရဲ့ရင့်သီးမှုေတွေကြာင့် လူဟာ ခံစားချက်မဲ့တယ်။ဆံပင်ရှည်တွေနဲ့ မလိုက်ဖက်တဲ့ တက်ထူးတွေဟာ လက်မှာ ။အခုဆို အသက်၂၁နှစ်။အချိန်၉နှစ်ဆိုတာ ဘ၀ကိုပြောင်းလဲပေးနိုင်တဲ့ အခိုက်တန့်ဖဲမလား။။ကိုယ့်ဘ၀ကို ဇောက်ထိုးပြောင်းပြန် ခလောက်ဆန်စေခဲ့သူဟာ ကိုယ့်အနီးနားမှာဆိုတဲ့ အတွေးနဲ့မုန်းတယ်။ဒါပေမဲ့မင်းက ငါ့အပေါ် ကောင်းလွန်း တယ်ဂျန်။တောင်းပန်ပါတယ် ငါ့ဒုက္ခတွေကို မင်းပါ ကူခံစားပေးရလို့ ငါတောင်းပန်ပါတယ် ။။။
(((ကျေးဇူးရှင်....ငါတို့ဒုက္ခရောက်နေချိန်မှာ ကူညီခဲ့တဲ့သူ။))"ရေ့ာ
"ဘယ်ကရတာလဲ
"ဂျန် ကားနဲ့တိုက်ခံရတာ
"သွားရအောင်
"ဘယ်လဲ
"မဒမ့်ဆီကို ဒီငွေနဲ့ဆို သူ့ဆေးဖိုးနည်းနည်းရလောက်တယ် တော်သေးတယ်
"ဟုပ်လား သွားမယ်လေ ။
အပြုံးဟာ နူးညံ့တယ် ဒီအပြုံးကို မြင်ရဖို့ဆို ဂျန် ထပ်တလဲလဲ ကြိုးစားနေမိမှာ။
ရက်စက်တယ်။ ပြတ်သားတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးငယ်ဟာ
သူမတူအောင် နူးညံ့တာလဲ ဂျန်အသိဆုံးဖဲမလား။။။