"ဂျန်
"အင်း
"ငါတို့ငွေလိုတယ်
"ဂျန် အချိန်ပိုင်းလုပ်နေတဲ့ ဆိုင်မှာ ချယ်သီချင်းဆိုမလား
"ဟင့်အင် အဟွတ် အဟွတ်
"ဆေးလိပ်တွေ သောက်တာလျေ့ာအုန်း
"ငါ သိတယ်
"ချယ် မဒမ်ကို သိပ်ချစ်တာဖဲလား
"အင်း ငါ့အတွက်တွေ့ဖူးကြုံဖူးသမျှထဲမှာ လူကောင်းဖဲလေ
"ဂျန်ကကော
"ဂျန် ခေါင်းထဲမှာ ပိုက်ဆံကလွဲပီး ကျန်တာတွေးမနေနဲ့
ငါတို့ပြည့်စုံမှ ဖြစ်မှာ"ချမ်းသာချင်တာလား ချယ်
"ပိုက်ဆံက အရာအားလုံးကို စေလိုရာစေရတယ် ဂျန်
"ငွေတွေချမ်းသာပီး စိတ်မပျော်ရွှင်ရရင်ကော
"အနည်းဆုံးတေ့ာ လက်ထဲ ငွေမရှိလို့ဆိုပီး မပူရဖူးလေ
သိပ်ချမ်းသာချင်တဲ့ ချယ် အတွေးတွေကို အရောင်စုံစေချင်တာ အပြစ်လား။ ဘယ်လိုတွေခက်ခက်ခဲခဲ ဖြတ်ကျော်လာခဲ့လဲမသိပေမဲ့ ချယ်ဟာ လောကဓံကို ရင့်ရင့်သီးသီး ရင်ဆိုင်နေရတဲ့သူပါ။ မဒမ် ယောက်ျားက ချယ်ရှာဖွေစုထားတာတွေကို
ဖဲရိုက်ကြက်တိုက်တွေလုပ်ပစ်တေ့ာ ချယ်စိတ်တိုတာ ပထမဆုံးမြင်ဖူးတာဖဲ။ သူ ဘယ်လိုရှာခဲ့ပင်ပန်းခဲ့ရလဲ သိလားဆိုပီး ငိုတုန်းက ဂျန် ချယ်ဖို့ဆိုပီး ကလပ်မှာ အပျော်မယ်လုပ်ဖို့စိတ်ကူးခဲ့သေးတယ်။ မိုက်မဲလှတဲ့ ဆုံးဖြတ်ချက်ဆိုပေမဲ့ ခရိုနီတစ်ယောက်က ဂျန်အပျိုစင်ဘ၀ကို ပုံအောပေးမှာတဲ့။ ဘယ်က သတင်းရမှန်းမသိပေမဲ့ ချယ်ဟာ ဆိုင်ကို လာသောင်းကျန်းတယ်။ အ့ာနေ့က ပထမဆုံး ဂျန် ပါးရိုက်ခံလိုက်ရတဲ့နေ့ဖဲ။ နောက်တေ့ာ သူ့အရိပ်အောက်မှာဖဲ သူခိုင်းသလို နေရင်း ဂျန်လဲ လူလိမ်လည်လေးဖြစ်လာတာ။ တက်တူးတွေ ထိုးတဲ့ ချယ့်သူငယ်ချင်းဆီသွားတေ့ာ လိုက်ခဲ့သေးတယ်။ ချယ်က တက်တူးထိုးတဲ့ဒဏ်ကိုမခံနိုင်ဖဲနဲ့များ ဘယ်လက်မောင်းကနေ လက်ကောက်၀တ်ထိ စုံနေအောင်ထိုးတာမြင်ေတ့ာ အံဩရသေးတယ်။အ့ာထဲက ပျော်စရာကတေ့ာ ဂျန်မွေးနေ့လေးပေါ့။နောက်ပီး ချယ်ရင်ဘတ် အထက်နားမှာ အက္ခရာလေးနှစ်လုံးရှိတယ် ။...JR...တဲ့။
"ချယ်