9

779 56 3
                                    

နေချင်သလိုနေမယ် ဖြစ်ချင်ရာဖြစ်ဆိုပေမဲ့
တစုံတယောက်ရဲ့ ရင်ခွင်နွေးနွေး ကိုတေ့ာ
တောင့်တဖူးမှာဖဲမလား။
ချယ့်အတွက်တေ့ာ ဂျန်လို လူမျိုးကို လွမ်းဆွတ်ဖို့
မတန်ဖူး ထင်ပါရဲ့။ ကလေးငယ် နွေးထွေးသမျှ စေတနာတွေကို ဥပေက္ခာပြုခဲ့တာ။ ဒီအချိန်ဆို
ဘာများလုပ်နေမလဲ တွေးမိတေ့ာ ရင်ပူရသား။လီဆာဆိုတဲ့တယောက် ဆီကလဲ ခုထိ ဘာသတင်းမှမကြားရသေး။ ထူးဆန်းတာ တစ်ခုပြောရမလား။ကျမနဲ့ဆုံခဲ့တဲ့ ဂျီဆူးဆိုတဲ့တစ်ယောက်ကို လီဆာနဲ့ကော်ဖီဆိုင် တူတူထိုင်တာ မြင်ခဲ့တယ်။ သူတို့ ကြည့်ရတာ ထူးဆန်းတဲ့ပတ်သတ်မှုမျိုးရှိနေသလိုဖဲ။
လီဆာ ဆီက သတင်းကြားရဖို့ အနည်းဆုံး အခွင့်လမ်းကတေ့ာ ရှိနေသေးတာဖဲ။

Golden Club ...
ညအချိန်မတော် မှထွက်လာတဲ့ ကင်ဂျီဆူး ။
ဒီအချိန် အန္တရာယ်များကများနဲ့ တစ်ယောက်ထဲသွားရဲလာရဲနေပုံက အကြောက်လန့်မရှိ။ ဆေးပြင်းလိပ်သောက်ရင်း အပျင်းပြေ လမ်းလျောက်ထွက်ခဲ့တာ ကင်ဂျီဆူးရဲ့ တိုက်လေး‌ဆီ ။ကျမ ဒီရပ်ကွက်ရဲ့ အခန်းလေး တခန်းကို ငှားနေနေတယ်။

မဒမ် ဆုံးသွားပီး နောက်ပိုင်း သတိရဆုံးသူကို ပြောပါဆို ဂျန်ဖဲ။ နှစ်လ အတွင်း ပြောင်းလဲမှုက မြန်လွန်းတယ်။ အသည်းအသန် ငွေတွေရှာခဲ့ရပီး ခွဲစိတ်မှု အောင်မြင်ခဲ့တယ်။သက်တမ်း တစ်လကို မဒမ်ဟာ ကောင်းကောင်းမွန်မွန် အသက်ရှင်ခွင့်ရခဲ့တယ်။ နောက်ပိုင်းတေ့ာ ကျမရဲ့ဒုက္ခတွေကိုမြင်ပီး စိတ်လျေ့ာလိုက်တယ် ထင်ပါတယ် ။  အနားမှာတယောက်မှမရှိတေ့ာတဲ့ အခါမှ သတိရစိတ်တွေဟာ ပြင်းပြလာတယ်။ ရက်ပေါင်း90ကျော်လောက်မေ့လျေ့ာထားခဲ့တဲ့ သံယောဇဉ် အစနအနတွေ ကို ပြန်ကောက်ဖို့ အချိန်တန်ပီလေ။

ကလပ်ရဲ့ အတွင်းထဲကို ၀င်သွားပုံက စိတ်ညစ်လို့ သောက်မဲ့ပုံလဲမရ။ ဒီတိုင်းအပျင်းပြေထွက်တာများလား ။ သူ့အနီးကို ရောက်ဖို့အတွက်ခြေလှမ်း လှမ်းသင့်ပီထင်ပါတယ်။

မှောင်ရိပ် တစ်ဖက် မီးခုံတဖက်မှာ လူတွေဟာ ကခုန်နေတယ်။ ။အမျိုးသမီးလေး ကင်ဂျီဆူးရဲ့ အနားကို တိုးကပ် လီစယ်နေတဲ့ ငနာ ကို သဘောမကျဖူး ။

"တယောက်ထဲ ဆို ကိုနဲ့လိုက်ခဲ့ပါ့လား ဟိုးကောင်းကင်နိဗ္ဗာန်ထိ ရောက်ရပါစေမယ်

"ဝါး ဒါဘယ်လိုခွေးစကားလဲ

"ဘာ

"ဘာကိုဘာလဲ နင့်အတွက် အပျော်တမ်း နားထောင်ပေးမဲ့မိန်းမနားဖဲသွားစမ်းပါ ။ ငါက အ့ာတာတွေမလိုဖူး

"မင်းက ဘာသားနဲ့ထွင်းထားတာမို့လဲ လာပါ မယုံရင် အစမ်းပေါ့

စကားလွန်တာနဲ့တင် ပုံမကျဖဲ ဒီကောင်ဟာ ဆွဲလားရုန်းလား ။

"လွှတ်စမ်း

"လာပါ

"ဖြန်း

ရုတ်ရုတ်သဲသဲအခြေနေတွေကို မြင်လိုက်ရတာဖဲ။ ကင်ဂျီဆူးက ဒီလိုလဲရဲရင့်တာဖဲလား။

"ဒီ*‌ောင်မ

"ခွမ်း

ဂျီဆူးရဲ့မျက်နှာမူရာ အရပ်ကနေ ငနဲက ကြမ်းပြင်ပေါ်ကိုခွေကျသွားတယ်။ အနည်းငယ်ထိတ်လန့်စရာဖြစ်သွားပေ‌မဲ့ ကလပ်က လူတွေဟာ ကျမကိုရော ဂျီဆူးကိုပါ ပြသနာ မရှာခဲ့ဖူး။ငနဲကို နောက်ကနေ ပုလင်းနဲ့ကောက်ရိုက်ပလိုက်တာ။ အနည်းဆုံးတေ့ာ အချုပ်ထဲတည ကျမယ်ထင်တာ အခုတေ့ာ....

"အလည်လာတာလား

JaneWhere stories live. Discover now