10

1.7K 71 9
                                    

"အလည်လာတာလား

"Sooက ဘယ်လိုထင်လို့လဲ

"ဒီလိုဖဲ ........မဖြေချင်လို့လား

"အလည်တေ့ာမဟုတ်ဖူး အလုပ်လာလုပ်တာ ဖြစ်ချင်တေ့ာ ဘယ်အလုပ်ကမှ လက်မခံသေးလို့ သောင်တင်နေတာ

"ဘာလို့လဲ

"ဒီဘက်က လူတွေက ဒါမျိုး သိပ်သဘောမကျဖူးထင်တယ်
လက်မှာရှိတဲ့ တက်တူးတွေကို ညွှန်ပြရင်း

"ဖျက်လိုက်လေ

"ငါ့အတွက် သိပ်တေ့ာ မလွယ်ဖူး

"သိပီ နင်လဲ အလုပ်မရှိဖူး ငါလဲ အဖော်မရှိဖူး ဆိုတေ့ာ
နင် ငါ့အဖော်လုပ်လေ

"Sooက တစ်ယောက်ထဲ နေတာလား

"ဟင့်အင် တယောက်ထဲဖြစ်နေတာ

ဆိုဂျူးပုလင်းတွေ တစ်ပုလင်းပီး တပုလင်းမေ့ာရင်း မျက်ရည်စ တချို့နဲ့ သူမကို တွေ့ရတယ်။ ဘာအကြောင်းပြချက်မှမရှိလဲခေါင်းတင် ငိုလို့ရတဲ့ ပုခုံးတဖက်ဟာ သူ့အနီးမှာ ရှိကြောင်း။
။။။။။။။။
"Jane ဒါတွေ ဘယ်သူလုပ်ထားတာလဲ

ဘ၀ထဲကို Janeရောက်လာတဲ့နေ့ကစလို့ ကသောင်းကနင်းပါဖဲ။
သူကတေ့ာ လုပ်ချင်တာ လုပ်ရရင် ပျော်နေရော။
ကိတ်လုပ်ကြည့်ချင်လို့ တဲ့ ခရင်မ် တွေ အရောင်စပ်ထားတာ ပေါင်းကို စုံလို့။  တခုတေ့ာ ချီးကျူးစရာရှိတယ်။ Janeလို ကလေးမ က ကျမထက် ဟင်းချက်ကောင်းနေတာတေ့ာရှက်ရှက်နဲ့ ၀န်ခံရမယ်။ သူကြော် တဲ့ ကင်ချီစတူးကို ရှင်တို့စားဖူးမယ်ဆို ကျမ အပိုပြောတာ မဟုတ်မှန်းနားလည်လိမ့်မယ်။

အလုပ် နားချိန်တွေ ရောက်ရင် အပန်းပြေ စက်ဘီးစီး ဝိုင်သောက် ပုံရိုက် နဲ့အချိန်ကုန်တတ်တဲ့ ကျမက အ့ာအရာတွေအစား Janeဆိုတဲ့ ကလေးထိန်း ဖို့ကိုသာ အလိုရှိနေတယ်။

"Hee အန်တီဖို့ လေ  Janeကိုယ်တိုင် လုပ်ပေးတဲ့ကိတ်လေး စားစေချင်လို့"

"အပင်ပန်းခံလို့Janeရယ် ကြိုက်တဲ့အရသာ ကြိုက်သလို သွား၀ယ်စားပစ် ကိုယ် ပိုက်ဆံပေးမယ်

"အသက်ကြီးကြီး တကိုယ်တည်းသမားတွေက ဇီဇာကြောင်တယ်ဆိုတာ တကာ်ဖဲ အန်တီထားရေ

JaneWhere stories live. Discover now