[UNICODE]
The truth untold
___________
နေ့သစ်တစ်ခုအား အိမ်မက်ဆိုးများဖြင့် အစပြုခဲ့ရပြန်သည် ။
မျက်ရည်များပင်ရွှဲနေခဲ့ခြင်းကြောင့် သက်ပြင်းချမိသည် ။
ဝင်လာသော ဖုန်း callတစ်ခုကြောင့် နာရီကြည့်မိတော့ မနက် ၇နာရီ ။
" Hello "
" ချာတိတ်ငယ် ကိုယ်ပါ "
" Hoseok hyung "
" ကိုယ့်ကြောင့် နိုးသွားတာလား "
" မဟုတ်ပါဘူး ကျွန်တော်နိုးနေပါပြီ ... Hyungဒီအချိန်ကြီး ဖုန်းဆက်တော့ ထူးဆန်းနေလို့ပါ "
" အော် တခြားမဟုတ်ပါဘူး ချာတိတ်ငယ် ဒီနေ့ အချိန်ရလား သိချင်လို့ "
" ဒီနေ့လား "
အချိန်စာရင်းများအား ပြန်စဉ်းစားကြည့်တော့ ထွေထွေထူးထူးမရှိတာကြောင့် ။
" ကျွန်တော်အားတယ် Hyung "
" ကိုယ့်ကို အချိန်ပေးနိုင်မလား "
" ဟုတ် ရပါတယ် "
" ဒါဆို ညနေ ၃နာရီလောက် ကိုယ်လာခေါ်မယ် "
" ဘယ်သွားမို့လဲ hyung "
" ဒါတော့ secret "
Hoseok hyung စကားအဆုံး ဖုန်းချလိုက်ပြီး ရေချိုးရန်ပြင်လိုက်သည် ။
ခါတိုင်းလို အချိန်ပိုင်းအလုပ်များလည်းမရှိတော့သည့်အပြင် ကျောင်းပိတ်ရက်ပါဖြစ်သောကြောင့် အပြည့်အဝအနားယူရန်စဉ်းစားမိသည်။
အင်း ... Kim Taehyung ၏ guide ဖြစ်လာသည့် ၃ပတ်အတွင်း ကျွန်တော် လူပင်ပန်းတာ သက်သာလာသည်ဟုဆိုရမည် ။
ပြောရဆိုရခတ်ပေမယ့် ကျွန်တော့်စကားအား နားထောင်သည့် Kim Taehyung ကြောင့် ထင်ထားသည်လောက် မခက်ခဲပေ ။
အဝတ်အစားအချို့အား လျှော်၍ အိမ်သန့်ရှင်းရေး အနည်းငယ်လုပ်အပြီး assignment များအပေါ်၌သာ အချိန်ကုန်စေလိုက်သည် ။
ထွေထွေထူးထူး လုပ်စရာမှမရှိပဲလေ ။
ရုတ်တရက်ပေါ်လာသောအတွေးကြောင့် တစ်နေရာသို့သွားရန်ပြင်လိုက်သည်။
YOU ARE READING
THANTOPHOBIA
Fanfiction(n).the phobia of losing someone you love the most Both UNICODE & ZAWGYI are available Written in Burmese | Taekoo | Hopekoo | Written by _ Kim Taera Own creation