Episode_1

706 56 8
                                    


[ UNICODE ]

You left me first

__________________

နီညိုရောင်သန်းနေသော ကောင်းကင်ကြီးအား အဓိပ္ပါယ်မဲ့စွာကြည့်လျက် ။

ကျွန်တော့်ရဲ့ ဖြစ်တည်မှုဟာ ကျွန်တော့်ဘဝအတွက် အဓိပ္ပါယ်မရှိသော ဖြစ်တည်မှုမျိုး။

သေလူတစ်ယောက်၏ အုပ်ဂူ၌ ဒူးထောက်ပြိုလဲနေတဲ့ ကျွန်တော်ဟာ တခြားသူတွေအမြင်မှာတော့ ဘာခံစားချက်မျှမရှိသည့် လူပိုတစ်ယောက်။

" ကျွန်တော့်ရဲ့ ဖြစ်တည်မှုကိုက တန်ဖိုးမဲ့နေခဲ့လို့ တောင်းပန်ပါတယ် အဖေ "

နှုတ်ဆက်ဂါဝရပြုပြီးသည့်တိုင် ငြင်းဆန်နေသည့်ခြေထောက်များကြောင့် ထိုနေရာ၌ တစ်ဖဝါးမှမခွာမိ ။

မျက်ရည်စများဟာလည်း လေပူအချို့နှင့်အတူ လွင့်ပြယ်လျက်။

ဖုန်း ringtone သံကြောင့် contact nameအားကြည့်မိတော့ မကြားချင်ဆုံးလူဆီမှ ။

ဘယ်လိုစိတ်နဲ့များ တောင်းပန်နေနိုင်သေးတာလည်း Kim Taehyung ။

ဆိုးရွားလှသော အတိတ်တစ်ချို့မှာ ခင်ဗျားကပါ ပါလာလိမ့်မယ်လို့ စိတ်မကူးခဲ့ဖူးဘူး။

ကျွန်တော် အလိုအပ်ဆုံး အချိန်မှာမှ ခင်ဗျားကအရင်ကျောခိုင်းခဲ့တာမို့ ကျွန်တော်ပြန်ပြီး ကျောခိုင်းဖို့ ဝန်မလေးဘူး ။

အတွေးများအား လက်စသတ်၍ အချိန်လင့်နေပြီဖြစ်သောကြောင့် ကိုယ်ပိုင် တိုက်ခန်းသေးသေးလို့သို့သာ ပြန်လာခဲ့သည် ။

အချိန်ပိုင်းအလုပ်ရှိသေးသည်လေ ။

ဒီတစ်ခါ လစာရရင်တော့ ဖုန်းကဒ်ပါ ပြောင်းရဦးမည်ဟု တွေးမိသည်။

အားကိုးစရာ တစ်ဦးတစ်ယောက်မျှ မရှိသည့် ကျွန်တော့်ဘဝမှာ ကျွန်တော်ပဲရှိတာမို့ တက်နိုင်သလောက်ကြိုးစားရင်းအသက်မွေးဝမ်းကျောင်းပြုရသည်။

THANTOPHOBIAWhere stories live. Discover now