[UNICODE]
Do you miss me like I miss you
_________________
ကျွန်တော့်ကြောင့် Jeon ဟာအတန်းတွေပျက်နေသည်အား မမြင်ရက်သဖြင့် သူလွတ်သွားမည့်စာများအား ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်သားထား ပေးမိသည်။
အမြဲလိုလို Jeon ရဲ့လှုပ်ရှားမှုတိုင်းကို အဝေးကနေပဲ ငေးကြည့်နေမိသည်မှာ ယနေ့အထိ။
ဒီကောင်ငယ်လေးကို သူကျောခိုင်းခဲ့မိလို့ နောင်တရ၍ မဆုံးသည်လေ။
Kim Taehyungတို့မရင့်ကျက်ခဲ့ပုံများ ။
ထင်ထားတာထက် ပြောင်းလဲပြီး အေးစက်သွားသည့် Jeon ဟာ တစ်ချိန်ကကျွန်တော့်ကိုပဲ ယုံကြည်အားကိုးခဲ့တဲ့ ကောင်ငယ်လေး ။
ကျွန်တော်တို့ ပတ်သက်မှု၍ ခေါင်းစဉ်က သူငယ်ချင်းဆိုတာထက်တော့ ပိုခဲ့တယ်ထင်ရဲ့။
ကိုယ်လိပ်ပြာမလုံတာကို သူ့အပေါ်ပဲ အပြစ်တွေပုံချခဲ့မိတာ။
သူနာကျည်းတာမဆန်းပါဘူး ။
ကျွန်တော်နဲ့မတူပဲ အနေအေးသည့် Jeonဟာ ကျွန်တော်ကလွဲလို့ တခြားအပေါင်းအသင်းထားမှာမဟုတ်တာကိုသိသောကြောင့် ။
သူတစ်ယောက်တည်း ပင်ပန်းနေရမည်အား စိုးရိမ်မိပါသည်။
Hoseok hyungရဲ့စကားနောက်သူချက်ချင်းပင်ပြေးတွေ့ခဲ့ရန်လုပ်ပေမယ့်။
Jeonရဲ့ဆန္ဒကြောင့် hyungဟာ ခွင့်မပြုခဲ့။
ထိုအချိန်မှစ၍ ရှိသမျှနည်းမျိုးစုံဖြင့်တောင်းပန်ခဲ့သော်လည်း နှစ်တွေသာကြာလာခဲ့တယ် သူကတော့ လျစ်လျူရှုစဲ ရှုမြဲ။
အချိန်ရတာနဲ့ Jeonနောက်ကတိတ်တိတ်လေးလိုက်၍ stalk ခဲ့မိသည်အားသိလျှင် သူဘယ်လောက်တောင် စိတ်ဆိုးလိုက်မလဲ ။
ကျွန်တော်ကတော့ မိသားစုငွေကြေးချမ်းသာမှုကြောင့် Seoul universityကိုအလွယ်လေးဝင်ခွင့် ရခဲ့ပေမယ့် Jeonကတော့ သူ့အရည်အချင်းအစစ်အမှန်နဲ့ ဝင်ခွင့်ရခဲ့သည်တဲ့လေ။
ကျွန်တော့်ရဲ့ စာဂျပိုးလေး Jeonက သိပ်တော်တာပါဆို ။
အရင်ကလို Jeon ပိစိတော့ မဟုတ်တော့ဘူးပေါ့။

ŞİMDİ OKUDUĞUN
THANTOPHOBIA
Hayran Kurgu(n).the phobia of losing someone you love the most Both UNICODE & ZAWGYI are available Written in Burmese | Taekoo | Hopekoo | Written by _ Kim Taera Own creation