[UNICODE]
Why is our relationship so complicated?
__________________Hoseok hyung ပြောသည်အား စဉ်းစားနေမိသည်မှာ သုံးပတ်ပင်ရှိခဲ့ပြီ ။
အဖြေဟူ၍ သေသေချာချာထွက်မလာသေးပေ။
အလုပ်ထဲ၌ပင် အာရုံမစိုက်နိုင်ခဲ့။
လေးနာရီပင် အိပ်ရသေးသောကြောင့် လူကအတော်လေး ပင်ပန်းနေမိသည်။
ဒီပုံအတိုင်းဆို လဲတော့မှာပဲ ။
ကျောင်းအပြင် အချိန်ပိုင်းအလုပ်များကပါ တစ်ခုပြီးတစ်ခု ဆက်နေသောကြောင့် နားချိန်မရ ။
" ဟေး ပါတနာ "
မုန့်များ စီထည့်နေစဉ် ခေါ်သံတစ်ခုကြောင့် စိတ်ပိုရှုတ်သွားရသည်။
ကျွန်တော့်အား အမြဲလိုလို စိတ်အနှောင့်အယှက်ပေးနေသည့် ထိုလူအား ကျိန်ဆဲနေမိသည် ။
" ဟေး ခေါ်နေတယ်လေ "
" ခင်ဗျားအတွက်အချိန်မရှိဘူး Kim Taehyung "
" ငါတော့ရှိတယ် အဖြေလာတောင်းတာ "
" ဘာ "
" Hoseok hyung ပြောတဲ့ ကိစ္စကိုပြောပါတယ် "
ခနဲ့သလိုလို flirtသလိုလိုနဲ့ Kim Taehyung ဟာ မုန်းဖို့ကောင်းလှသည် ။
" သူကမအားတော့ အမြဲအားနေတဲ့ငါကပဲ မင်းဆီလာရတာပေါ့ "
" ခင်ဗျားအားပေမယ့် ကျွန်တော်မအားဘူး "
ထို့နောက်တော့ တက်နိုင်သလောက်သူ့အား လျစ်လျူရှု၍ လုပ်လက်စအား လက်စသက်၍ အိမ်အပြန်လမ်းသို့ ။
" Jeon ! Jeon လို့ "
အနောက်မှ ကလေးတစ်ယောက်သဖွယ် ပွစိပွစိပြောနေသာ့် သူ့ဒဏ်မခံနိုင်တော့သောကြောင့် နားကြပ်အားတပ်လိုက်ရသည်။
တကယ့် အရှုတ်ထုတ်ပါဆို။
အိမ်သို့ ရောက်ပြန်တော့လည်း အိမ်ထဲပေးမဝင်သောကြောင့် အိမ်အောက်မှ အော်၍ သောင်းကျန်းပြန်သည် ။
အိမ်နီးနားချင်းများအား အားနာသောကြောင့်ရော သည်းမခံနိုင်တော့တာရောကြောင့်ပါ အိမ်အောက်သို့ဆင်းလာရသည် ။
![](https://img.wattpad.com/cover/227415062-288-k750484.jpg)
ESTÁS LEYENDO
THANTOPHOBIA
Fanfic(n).the phobia of losing someone you love the most Both UNICODE & ZAWGYI are available Written in Burmese | Taekoo | Hopekoo | Written by _ Kim Taera Own creation