[UNICODE]
The second most hated person after me was Kim Taehyung
______________________
" Jeon "
သတိပေးထားပေမယ့် သုံးနှုံးနေသေးသော အခေါ်အဝေါ်ကြောင့် ပြန်မထူးမိပဲ ဖတ်နေသောစာအုပ်၌ပဲ အာရုံစိုက်ထားမိသည်။
ပါတနာအဖြစ် ကုန်ဆုံးခဲ့ပြီဖြစ်သော အချိန်သုံးလအတွင်း၌ ကျွန်တော်တို့ကြား၌ ထူးခြားလာတာမျိုးမရှိပေ။
အကြောင်းမှာ ကျွန်တော်က အတက်နိုင်ဆုံးခပ်ကင်းကင်းနေခဲ့သောကြောင့်ပင်။
သို့ပေမယ့် အရင်ကထက် ပိုပြီး ရဲတင်းလာသော Kim Taehyung ၏အပြုအမူတွေကြောင့် အနေခတ်လှသည်။
ယခုလည်း ကျွန်တော်စာဖတ်နေသည်အား ဘေး၌ lollipop တစ်လုံးအားငုံ၍ စာကြည့်စားပွဲပေါ် ခြေထောက်တင်ပြီး ကြည့်နေလေရဲ့။
အဲ့တာတွေမကြိုက်တာ။
ဘာအတွက်များ လိုက်တွယ်ကပ်နေသည်လည်းနားမလည်နိုင်တော့ ။
" ပါတနာ "
" အင်း "
" အဲ့စာအုပ်ပဲဖတ်နေတော့မှာလား နာရီဝက်တောင်ရှိနေပြီ "
" အသံကိုလျှော့ပြော Kim Taehyung စာကြည့်တိုက်မှာဆိုတာမမေ့နဲ့ "
" အဲ့တာဆိုလည်း စကားတော့ပြန်ပြောလေကွာ "
" မအားဘူး "
" Jeon ! "
အသံဩရှရှအား လိုအပ်သည်ထပ်ပို၍ကျယ်လောင်စွာ အသုံးပြုသောကြောင့် မျက်မှောင်ကျုံ့မိသည်။
ဒီလိုသာဆက်တိုက် နှောက်ယှက်နေမည်ဆို ကျွန်တော်လည်းအာရုံစိုက်နိုင်တော့မည်မဟုတ်တော့သောကြောင့် ထထွက်လာခဲ့ရသည်။
ခင်ဗျားက အရှုတ်ထုတ်ပဲ Kim Taehyung ။
ကျွန်တော့်နောက်သို့ တကောက်ကောက်လိုက်လာဦးမည်အား သိပေမယ့်လည်း စကားအပိုတွေမပြောချင်သောကြောင့် မသိချင်ယောင်ဆောင်နေလိုက်သည်။
စာကြည့်တိုက်မှအထွက် မိန်းကလေး တစ်ယောက်က ကျွန်တော့်အရှေ့ပိတ်ရပ်သည်။
" ဟို Jungkook shi "
" ကျွန်တော် မိန်းကလေး ကိုမသိဘူး ထင်တယ် "

KAMU SEDANG MEMBACA
THANTOPHOBIA
Fiksi Penggemar(n).the phobia of losing someone you love the most Both UNICODE & ZAWGYI are available Written in Burmese | Taekoo | Hopekoo | Written by _ Kim Taera Own creation