Chapter (49)_ ဝမ်ဖေးကို အထိ မခံသည့် နယ်စားမင်း...

8.2K 680 1
                                    

Chapter (49)_ ဝမ်ဖေးကို ဘယ်သူထိတာကိုမှ မခံသည့် နယ်စားမင်း...



ထိုမိန်းမက သူမလက်တွေကို ဆန့်တန်းကာ ရူရိ ဆီကိုလျှောက်လာခဲ့ပေမယ့် သူမ အနားမကပ်နိုင်ခင် နယ်စားမင်းရဲ့ကိုယ်ရံတော် လေးယောက်က့ဓားတွေကိုဆွဲထုတ်လိုက်ရင်း ရူရိ ရှေ့က ကာကွယ်လိုက်သည်။

ထိုအမျိုးသမီးက မထင်မှတ်သည့် လုပ်ရပ်ကြောင့် ကြောက်လန့်အံ့အားသင့်ကာ နောက်ကို ခြေလှမ်းအတော် များများ နောက်ပြန်ဆုတ်မိလိုက်သည်။ ခန်းမဆောင်ထဲက လူတိုင်းကလည်း နယ်စားမင်း ဝူကျန့်ဆီကို လှမ်းကြည့်လိုက်ကြသည်။

" ဒါ ဘာသဘောလဲ။ မင်းရဲ့ ကိုယ်ရံတော်တွေကို နောက်ဆုတ်ခိုင်းလိုက်.... မဟုတ်ဘူးဆိုရင်.... "

အမတ်ကြီးက ဒေါသနှင့် ထရပ်ကာ ပြောလိုက်သည်။

ဒါပေမယ့် နယ်စားမင်းက အေးစက်စက် စိုက်ကြည့်ကာ ပြောခဲ့သည်။

" ရူရိ က ကျုပ်ရဲ့ ဇနီးလေ။ ကျုပ်ရဲ့ ခွင့်ပြုချက်မရှိပဲ သူမကို ဘယ်သူမှ ထိလို့မရဘူး "

ထိုကဲ့သို့ တင်းမာသည့် အခြေအနေကြောင့် ရူရိ၏ အမေက ကြောင်အသွားခဲ့သည်။

သူမက မတရား ခံလိုက်ရသည့် အမူယာ မျက်နှာပေးဖြင့် ဟိုင်ကျင်းနယ်စားမင်း ဝူကျန့်ကို မျက်ရည်အဝိုင်းသားနှင့် ကြည့်လိုက်သည်။

လှပသည့် မျက်နှာလေးထက် မျက်ဝန်းဝိုင်းစက်စက်လေးမှာ တွဲခိုနေသည့် မျက်ရည်စက်များနှင့် အကြည့်ကာ နယ်စားမင်းက မတုန်မလှုပ် ပြန်စိုက်ကြည့်နေလိုက်သည်။

ဒါက နှစ်ဖက်မိသားစုက အားပြိုင်သည့်ပွဲပဲလေ။

ထိုကိုယ်လုပ်တော်အမျိုးသမီးက လှပသည့် မျက်နှာလေးနှင့် ဘယ်ယောကျာ်းကိုမဆို သူမမျက်ရည်လေးနဲ့ ဖြားယောင်း မြူဆွယ်လို့ရမယ်လို့ ထင်နေပုံပေါ်သည်။

ဒါကလည်း အမှန်ပဲလေ။ အမတ်ကြီးပင် သူမရဲ့ လှပသည့် မျက်ဝန်းနှင့် မျက်ရည်စက်များဖြင့် ထောက်ချောက်ထဲ ကျသွားခဲ့ရသည်။

အခု ဟိုင်ကျင်းကသာ သူမကို နည်းနည်းကြင်နာသနားပြလိုက်မယ်ဆိုရင် သူမကို စိတ်ဝင်စားနေပါပြီလို့ သူမ ထင်သွားမှာ သေချာသည်။

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now