Chapter (78) - ငါ့ ဝမ်ဖေးကို ထိရဲသလား...

6.8K 666 5
                                    

Chapter (78) - ငါ့ ဝမ်ဖေးကို ထိရဲသလား...




"ဒါဆိုရင် ဝူကျန့်နဲ့ ဝမ်ဖေးတို့က နေရာယူပါတော့မယ် "

ဧကရာဇ် သို့မဟုတ် ဧကရီ တုံ့ပြန်မှုကို မစောင့်ဘဲ၊ မင်းသားဝူကျန့်သည်  ရူရိ ၏လက်ကို ဆုပ်ကိုင်ကာ ထိုရွှေရောင်တဲနန်းမှ ထွက်ခွာသွားခဲ့သည်။ သူ ဘာလို့ အပြေးအလွှား ထွက်ပြေးလာတာလဲလို့  ရူရိ  တိတ်တိတ်လေး တွေးနေမိတယ်။ ဧကရာဇ်မင်းမြတ်က ထွက်ခွာခွင့်မပြုသေးပဲ ထွက်လာတာ ရူရိတို့အတွက် အဆင်ပြေပါ့မလား။
နောက်တော့ မင်းသားကို တယောက်ယောက်များ တားလေမလားလို့ စိတ်ထဲ သံသယရှိနေပြန်တယ်။

"ငါ့ဝမ်ဖေးရဲ့ လက်အိတ် ယူလာခဲ့"

တဲနားရောက်တာနဲ့ မင်းသားက ငွေရောင်နဲ့ အနီရောင်အလံကို စိုက်ထူထားသည့် ရွက်ဖျက်တဲထဲကို ဝင်ခဲ့သည်။ ထိုတဲက ဘေးအကာရံကို ဖွင့်လှစ်ထားသည်။ ထိုတဲထဲတွင် လှပတဲ့ အဖြူရောင် ကျောက်စားပွဲတစ်လုံးကို ကျောက်ကုလားထိုင်နှစ်လုံး ခင်းကျင်းထားတယ်။ တဲပတ်လည်တွင် မင်းသားဝူကျန့်၏ ကိုယ်ရံတော်များနှင့် အိမ်စေများရှိသည်။ မင်းသားဝူကျန့်၏အမိန့်ဖြင့် ကျွိမောဝ်သည် အဖြူရောင်လက်အိတ်တစ်စုံဖြင့် ရောက်လာသည်။ မင်းသားက အေးစက်နေတဲ့ ရူရိ၏ လက်တွေကို လက်အိတ်နဲ့ ကြင်နာစွာ ဝတ်ဆင်ပေးရင်း ကြည့်နေသည်။
 

ထို့နောက် မင်းသားသည် ရူရိအား ထိုင်ခုံတွင် ထိုင်စေပြီးနောက် အစောင့်များအား မီးသွေးများထည့်ထားသည့် ကျောက်မီးဖိုကို ရူရိ အနားကို သယ်ဆောင်လာရန် အမိန့်ပေးခဲ့သည်။

ရူရိ  တကိုယ်လုံး နွေးထွေးနေချိန်မှာ ကျွိမောဝ်က စားပွဲပေါ်မှာ အဆာပြေစားစရာပန်းကန်များစွာကို ခင်းကျင်းလိုက်သည်။ အားလုံးက တခဏတွင်း ပြင်ဆင်ပြီးသွားခဲ့သည်။   မင်းသားက ရူရိ ရှေ့ကို လကိတ်မုန့်တစ်ပန်းကန် ချပေးလိုက်စဉ် ရူရိ က ဝူကျန့်ကို ကျေးဇူးတင်စကားဆိုရန် လှည့်ကြည့်လိုက်ပေမယ့် ဝူကျန့်က သူမကို မကြည့်ပဲ တခြားကို ကြည့်နေလို့ ရူရိ  စိတ်ရှုပ်သွားတယ်။ သူမကို ကြည့်မယ့်အစား သူက ကွင်းပြင်ဘက်ကို အေးစက်မာကျောစွာ စိုက်ကြည့်နေခဲ့သည်။

အခြေအနေကို အကဲမဖြတ်ရသေးခင် အိမ်ရှေ့မင်းသားက  ကွင်းပြင်မှာ ရပ်ကာ ဝူရှီးပြည်ရဲ့ မဟာဧကရာဇ်မွေးနေ့ကို ဂုဏ်ပြုဖို့ ဧည့်သည်အားလုံးကို ကြိုဆိုကြောင်း ကြေငြာချက်ထွက်လာခဲ့သည်။

  ကြေငြာချက်အပြီး ကျယ်လောင်သောဂုဏ်ပြုအရိုသေပေးသံများက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

မကြာမီ အခမ်းအနားကို တရားဝင်စတင်ဖွင့်လှစ်ခဲ့သည်။ လှပသော အကမယ်များစွာက လှပကာအရောင်စုံလင်သည့် ဝတ်စုံများကို ဝတ်ဆင်ပြီး ကခုန်ရင်း အလယ်ဗဟိုက ကွက်လပ်ထဲကို ဝင်ရောက်လာခဲ့သည်။

ရူရိ က သူမတို့ ရွက်ဖျင်ထဲထဲမှ လမုန့်ကို တကိုက်ချင်းကိုက်စားရင်း ရောင်စုံအကာ ဖျော်ဖြေပွဲကို ကြည့်နေသည်။

  လှပသော အကမယ်လေးများက ပျော့ပျောင်းသွက်လက်စွာ လှုပ်ရှားနေကြသည်ကို မြင်တွေ့ရသည်မှာ အံ့သြစရာကောင်းလှသည်။ သူမတို့၏ ခန္ဓာကိုယ်ကို ပျော့ပျောင်းစွာ တွန့်ချိုးကာ ခြေလက်တွေက လေညှင်းထဲ  ကခုန်နေသလို သွက်လက်စွာ ကနေပုံက အထင်ကြီးစရာ ကောင်းလှသည်။

ရူရိ ရဲ့ အားနည်းတဲ့ ခန္ဓာကိုယ်ကြောင့် ရူရိ က သူမတို့လို ဘယ်တော့မှ လှုပ်ရှားကခုန်နိုင်မယ် မဟုတ်ပေ။ ဒါကြောင့် ခုလို ပျော့ပျောင်းစွာ ကွေးညွတ်နိုင်သည်ကို သူမ အရမ်းသဘောကျမိသည်။
 

ရုတ်တရက် ပင်မကွက်လပ်ကွင်းပြင်ရှေ့တွင် ကနေသည့် အကမယ်လေးတွေက အနီရောင်ဇာမဏီငှက်ကဲ့သို့ စင်မြင့်အလယ်သို့ ပျံတက်သွားသလို လှပစွာ ခုန်ပေါက်ရင်း ပေါ်ထွက်လာသည်။  အနီရောင်ဝတ်ထားသည့် အကမယ်လေးတွေထဲ အဖြူရောင်ဝတ်စုံနှင့် အလှမယ်လေးတွေက ရေသူမလေးတွေကဲ့သို့ လှပစွာ လူးလွန့်ကာပြနေပုံက ပွဲကို တက်ရောက်သည့်  ယောက်ျားအားလုံး၏အာရုံကို ဆွဲဆောင်လျက်ရှိသည်။ အကမယ်တွေရဲ့ ဝတ်စုံသည် သူမတို့၏ သွယ်လျသည့် လည်တိုင်၊ နူးညံ့လုံးမွတ်သည့် ပခုံး၊ သွယ်လျလှပသည့် လက်၊  ချပ်ရပ်သည့် ဝမ်းဗိုက်၊ သေးသိမ်သော ခါးနှင့် ရှည်လျားသွယ်လျသော ခြေထောက်တို့ကို ထင်ရှားပေါ်လွင်စေသည်။ ဆောင်းရာသီ အလယ်ဖြစ်ပေမယ့် အကမယ်လေးတွေက ပါးလျပျော့ပျောင်းသည့်နွေရာသီအဝတ်များကို ဝတ်ဆင်ထားသည်။

 
သူမတို့ ဝတ်စားပုံကို ကြည့်ရုံနှင့် ရူရိ မှာ ကြက်သီးထလာသည်။   သူမတို့ မအေးဘူးလား? အမျိုးသမီးငယ်လေးတွေက စွဲဆောင်မှုရှိတဲ့ မျက်လုံးတွေ ဝင့်ကာ သူမဘေးမှာ ထိုင်နေတဲ့ မင်းသားဝူကျန့်ကို မျက်စပစ်နေသည်ကို သူမ သတိထားလိုက်မိသည်။

 မင်းသားဝူကျန့်ရဲ့ ကိုယ်လုပ်တော်တွေက ဝူကျန့်ကို အထာပေးသည့် မျက်နှာ၊ ညှို့ငင်စွာပြုံးနေသည့် အပြုံးမျိုးဖြင့် ကြည့်နေသည်ကို ရူရိ  မြင်ဖူးခဲ့သည်။ အခု အကမယ်တွေကလည်း ဝူကျန့်ကို ကိုယ်လုပ်တော်တွေလို ညှို့ငင်စွာ ကြည့်နေပါလား။

 
ရူရိ ရဲ့ ခေါင်းထဲမှာ ထိုအတွေးတို့ စတင်ပေါ်လာချိန်မှာ  ရင်သပ်ရှုမောဖွယ် လှပသည် အကမယ်လေး တစ်ယောက်က သူမတို့ ရှိနေသည့် တဲရှေ့ကို ကခုန်ရင်းရောက်လာခဲ့သည်။ သူမက မင်းသားဝူကျန့်ရှေ့မှာ ရဲတင်းစွာကခုန်ရင်း ဆွဲဆောင်နေချိန် သူမ ရင်ထိတ်လာသည်။ အကမယ်က သူမ လက်နှင့် ဝူကျန့်ကို ထိမလို လှမ်းလာချိန်မှာ ရူရိ က မစဉ်းစားနိုင်ပဲ ရုတ်တရက ်သူမ လက်ကို ဆန့်ထုတ်ကာ အကမယ်ရဲ့လက်က ဝူကျန့်ကို မထိမိစေရန် ကာလိုက်မိသည်။

ဝူကျန့်က ဒါကိုမြင်တော့ သူ့မျက်နှာက ပြုံးရွှင်သွားခဲ့သည်။

ဒါပေမယ့် အကမယ်က ရူရိ ရဲ့လက်ကို မထင်မှတ်ပဲ ပုတ်ထုတ်လိုက်သည်။

ရူရိ လည်း မစဉ်းစား မဆင်ခြင်ပဲ ရုတ်တရက် အကမယ်ကို တားလိုက်မိသည့် သူမ လုပ်ရပ်ကို အံ့အားသင့်နေမိသည်။  

 
"မင်း ငါ့ဝမ်ဖေးကို ထိရဲသလား"

ရူရိ ၏လက်ကို အကမယ်က ပုတ်ထုတ်လိုက်သည်နှင့် မင်းသားဝူကျန့်၏ အသံသည် သွေးအေးရက်စက်စွာပေါ်ထွက်လာသည်။  ကျ မင်းသား၏ မျက်လုံးများ သွေးရောင်ကဲ့သို့ နီရဲလာသဖြင့် အကမယ် အမျိုးသမီးသည် ကြောက်ရွံ့စွာဖြင့် ချက်ချင်း ဒူးထောက်လိုက်သည်။

အခြေအနေကို မည်သူမှ နားမလည်လိုက်သေးခင် မင်းသားသည် ထိုအကမယ်အမျိုးသမီး၏ လက်မောင်းကို ဖမ်းကိုင်ကာ မီးသွေးမီးဖိုပေါ်သို့ ဆွဲတင်လိုက်သည်။

ရူရိ က ကြောက်လန့်တကြား မျက်လုံးတွေကို တင်းတင်းမှိတ်ထားချိန် အကမယ်၏ နာကျင်စွာ အော်ဟစ်လိုက်သံက ကွင်းပြင်ထဲ ပဲ့တင်ထပ်လာခဲ့သည်။

ရူရိ က ရင်တုန်စွာဖြင့် နားရွက်တွေကို လက်နှင့် အုပ်လိုက်မိသည်။


*-***

(Completed) ရူရိ/႐ူရိ (MM translation)Where stories live. Discover now