Chapter (131) - ကျွီးရိကို လူတိုင်းချစ်ခင်ပါစေ......

7.2K 553 5
                                    

Chapter (131) - ကျွီးရိကို လူတိုင်းချစ်ခင်ပါစေ......


မင်းသားဝူကျန့် စိတ်ဆိုးသွားတဲ့အခါ ဒါကို ရိူရိ သတိမထားမိဖို့ ခက်ခဲပါတယ်။ ဝူကျန့် ဒေါသထွက်တဲ့အခါ သူ့ပတ်ဝန်းကျင်က လေထုက အမြဲတမ်း ပိုမိုလေးလံအေးစက်လို့နေသည်။ သူ့မျက်နှာပေါ်တွင် မျက်မှောင်ကို တင်းတင်းကြုတ်ထားတာက သူ့စိတ်ခံစားချက်ကို ထင်ရှားစေသည်။

"ဘာလို့မစားတာလဲ"

မင်းသားဝူကျန့် ရဲ့ ချဉ်စူးနေတဲ့ ဒေါသနဲ့ ဘယ်လိုစားဝင်ပါ့မလဲ။

"ကျန့် ... ကျွီးရိ က..... ကိုအပ်နေတယ်..."

မင်းသားသည် စားပွဲပေါ်မှ လက်သီးကို ဆောင့်ရိုက်လိုက်ရာ လူတိုင်း ဒူးထောက်သွားကြသည်။

"ကျန့် _"

"မလုပ်နဲ့"

မင်းသားဝူကျန့်က လက်သီးတင်းကျပ်နေတာကို မြင်လိုက်ရသည်။ သူက သူမကို မကြည့်ဘူး။ ဧကရာဇ်နဲ့ ဧကရီကို ပြောလိုက်တဲ့ စကားကြောင့် သူ ဒေါသထွက်နေမှန်း ရူရိ သိတယ်။ မင်းသားက သားလေး မွေးပြီးကတည်းက ရူရိကို အိမ်ခန်းထဲမှာပဲ ထားခဲ့တယ်။

ရူရိတို့ဆီကို ပေးပို့တဲ့ လက်ဆောင်များအားလုံးကို သူူ ငြင်းပယ်ခဲ့သည်။ သူမတို့သားကိုတွေ့ဖို့ ဧကရီရဲ့ တောင်းဆိုချက်ကို သူငြင်းဆန်ခဲ့တယ်။ ဒါပေမယ့် ရူရိက သူ့ဆန္ဒကို ဆန့်ကျင်ပြီး ဧကရာဇ်နဲ့ ဧကရီရဲ့ လက်ဆောင်တွေကို လက်ခံခဲ့တယ်။ ကျွီးရိ ကို သူတို့မိသားစုထဲကို လက်ခံပေးဖို့ ရူရိ တောင်းဆိုခဲ့မိတယ်။

"ကျန့် ... ရူရိ က အချိန်ဘယ်လောက်ကျန်သေးလဲ မသိဘူး" သူ့လက်မောင်းကို ရူရိ လှမ်းဆွဲလိုက်တယ်။

"တစ်ခါက ရူရိ ထွက်သွားခဲ့ရင်..._"

"တုံးအတဲ့ စကားမပြောနဲ့" ဒေါသတကြီးအော်ရင်း ဝူကျန့်က သူမကို သူ့ရင်ခွင်ထဲ သိုငိးဖက်လိုက်သည်။

"ကျန့် ... ရူရိ က ကျွီးရိ ကို ဘေးကင်းပြီး ပျော်ရွှင်စေချင်တယ်..."

ရူရိရဲ့ ရင်ထဲမှာရှိတဲ့ အဆိပ်တွေက ရူရိ အသက်ကို ဘယ်အချိန်အဆုံးသတ်စေမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး။

(Completed) ရူရိ/႐ူရိ (MM translation)حيث تعيش القصص. اكتشف الآن