Chapter (132) - ကိုယ့်ရဲ့ ရူရိလေး

8.3K 536 1
                                    

Chapter (132) - ကိုယ့်ရဲ့ ရူရိလေး

သူတို့ ညစာ ဆက်မစားချင်တော့လို့ မင်းသားက သူမကို အိပ်ခန်းထဲ ပြန်ခေါ်လာခဲ့သည်။

"ကျန့် ... ကလေး_"

မင်းသားက ရူရိရဲ့ ပါးပြင်ကို သူ့ လက်မနဲ့ အသာယာပွတ်နေသလို ရူရိရဲ့ နတ်ခမ်းနဲ့ အနမ်းဖြင့်ပိတ်ကာ ပ်နဲ့ စကားမပြောဖို့ တားလိုက်သည်။

"ကျွိမောဝ် က ဒီည ကိုယ်တို့သားကို ထိန်းပေးလိမ့်မယ်"

မင်းသားက င်္အကျီကို ချွတ်လိုက်ချိန်မှာ ရူရိ တုန်တုန်ယင်ယင်နဲ့ ငြိမ်သက်သွားခဲ့သည်။ မင်းသားက ကလေးမွေးပြီးကတည်းက သူမကို စံအိမ်ထဲက အခန်းထဲကနေ ဘယ်မှ မထွက်ခိုင်းပဲ ဝှက်ထားခဲ့တာ လအတော်ကြာခဲ့ပါပြီ။ သူတို့သားလေးမွေးကတည်းက မင်းသားက သူမကိုနမ်းတာတောင် ထိန်းထားရသည်။

"ရူရိ "

မင်းသားက သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘူး။ ပြင်းထန်ပြီး ထက်သန်သည့် အချစ်များစွာဖြင့် ရူရိကိုယ်ပေါ် နမ်းရှိုက်ပွတ်သပ်နေသည့်အချိန်တွင်မှ ရူရိလည်း သူ့အထိတွေ့ကို ဘယ်လောက်လွမ်းဆွတ်ခဲ့ရသလဲဆိုတာကို သူမ သဘောပေါက်လာခဲ့သည်။

သူ့ရဲ့ နွေးထွေးမှု၊ သူ့ရဲ့ ခွန်အားတွေကို ရူရိ လွမ်းဆွတ်ခဲ့တယ်။ သူမ၏ အေးစက်သော ခန္ဓာကိုယ်သည် သူ့ကိုယ်က မီးပုံကဲ့သို့ ပူနွေးနေမှုနဲ့ ထက်သန်ပြင်းပြသည့် ချစ်ခြင်းမေတ္တာကို သတိရနေမိသည်။

သူမ စိတ်လွတ်တော့မလို ခံစားလိုက်ရချိန်မှာ မင်းသားက သူမ ကိုယ်ထဲက ထွက်သွားခဲ့သည်။ ရူရိက လန့်ဖျပ်ပြီး သူ့ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် သိုင်းဖက်လိုက်သည်။ သူက သူမရဲ့ လက်တွေကို သူ့နောက်ကျောဘက်မှာ သိုင်းဖက်ထားစေခဲ့သည်။

ရူရိ သူ့ကို ထားမသွားစေချင်ဘူး။ မင်းသားဝူကျန့် ၏ ရင်ခွင်ထဲက အပူရှိန်ကြောင့် ရူရိရဲ့လက်တွေက သူ့ကိုသိုင်းဖက်ထားရင်း တဆတ်ဆတ် တုန်ယင်နေမိသည်။

"ကျန့် ကျေးဇူးပြုပြီး"

ရူရိ သူ့ကို အသနားခံပြီးနောက် မင်းသားက သူမ ဆန္ဒတွေကို ဖြည့်ဆည်းပေးလိုက်သည်။ သူမတို့ရဲ့ ခန္ဓာကိုယ် အရည်ပျော်ပြီး တစ်ယောက်နဲ့တစ်ယောက် ပေါင်းစည်းနေချိန်မှာ သူက ရူရိကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့တယ်။ သူ့ရင်တွင်းနက်ရှိုင်းသည့် ပူလောင်မှုကို ခံစားလိုက်ရတော့ သူမ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးမှု အပြည့်နဲ့ နှင့်လုံခြုံသွားသလို ခံစားလိုက်ရသည်။

(Completed) ရူရိ/႐ူရိ (MM translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ